မိုးကောင်းတွင် ပြည်သူ ၂ဦးသေနတ် ပစ်ခတ်ခံရ

မိုးကောင်းတွင် ပြည်သူ ၂ဦးသေနတ် ပစ်ခတ်ခံရ

မိုးကောင်းမြို့တွင် ယနေ့ ည ၉ နာရီကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်သဖြင့် ပြည်သူ ၂ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ဒဏ်ရာရှိသူ ၂ဦးမှာ မိုးကောင်း-ကျွန်းတောရပ်ကွက်နေတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် ကျွန်းတောမှ မြို့ထဲသို့ ဆိုင်ကယ်ဖြင့်ဖြတ်လာသည့် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောဆိုသည်။

“ခြောက်ပစ်တယ်လို့ထင်တယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေနတ်ကျည်ထိသွားတယ်။ အမျိုးသမီးက လက်မှာထိသွားတယ်။ အမျိုးသားက ခြေသလုံး ဒူးကိုထိသွားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။

ဒဏ်ရာရ ၂ဦးအနက် အမျိုးသမီးမှာဆေးရုံမှာ ဆေးကုသခံယူနေပြီဖြစ်ကြောင်းသိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...