ဗန်းမော်တွင် ပြည်သူတစ်ဦး ပစ်သတ်ခံရ၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

ဗန်းမော်တွင် ပြည်သူတစ်ဦး ပစ်သတ်ခံရ၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ လူထုခံတပ်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၄ရက်နေ့ နံနက် ၃နာရီခန့် ဝင်ရောက်အကြမ်းဖက်ဖြိုခွင်းရာမှာ ပြည်သူတစ်ဦး ပစ်သတ်ခံရပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု သိရသည်။

သေဆုံးသူမှာ ကိုမင်းနိုင်ဦး (ခ)ဖိုးသား ဆိုသူဖြစ်ပြီး သူ၏ ရင်ဘတ်နှင့် ခြေထောက်တွင် ကျည်အစစ်ထိကာ သေဆုံးသွားခြင်းဖြစ်ပြီး၊ သူ၏ ရုပ်အလောင်းကို စစ်တပ်ကပဲ သိမ်းယူသွားသည်ဟု သိရသည်။

“၃နာရီလောက်မှာ ရဲနဲ့စစ်သား လူအင်အား ၁၀၀လောက်က ပြည်သူတွေခံတပ်လုပ်ထားတဲ့အတားအဆီးတွေကို လာဖျက်ဆီးတယ်။ ပြီးရင်ကင်းစောင့်နေတဲ့သူတွေကို ဖမ်းတယ်။ သူတို့ ဝရမ်းထုတ်ထားတဲ့ အိမ်တွေဆို ဝင်ဖမ်းတယ်။ ဖမ်းဆီးခံရတဲ့သူတွေက ၁၀ယောက်ကျော်တယ်။ သတင်းအသိအကျမရသေးဘူး။ သေတာက တစ်ယောက်ရှိတယ်။ အလောင်းကို စစ်တပ်က သိမ်းထားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူများကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သောကြောင့် ဗန်းမော်တွင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ကာ ကချင်တစ်ပြည်နယ်လုံးတွင် ၁၁ ဦး ရှိပြီ ဖြစ်သည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...