ဗန်းမော်တွင် ပြည်သူတစ်ဦး ပစ်သတ်ခံရ၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

ဗန်းမော်တွင် ပြည်သူတစ်ဦး ပစ်သတ်ခံရ၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရ

ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ လူထုခံတပ်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၄ရက်နေ့ နံနက် ၃နာရီခန့် ဝင်ရောက်အကြမ်းဖက်ဖြိုခွင်းရာမှာ ပြည်သူတစ်ဦး ပစ်သတ်ခံရပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု သိရသည်။

သေဆုံးသူမှာ ကိုမင်းနိုင်ဦး (ခ)ဖိုးသား ဆိုသူဖြစ်ပြီး သူ၏ ရင်ဘတ်နှင့် ခြေထောက်တွင် ကျည်အစစ်ထိကာ သေဆုံးသွားခြင်းဖြစ်ပြီး၊ သူ၏ ရုပ်အလောင်းကို စစ်တပ်ကပဲ သိမ်းယူသွားသည်ဟု သိရသည်။

“၃နာရီလောက်မှာ ရဲနဲ့စစ်သား လူအင်အား ၁၀၀လောက်က ပြည်သူတွေခံတပ်လုပ်ထားတဲ့အတားအဆီးတွေကို လာဖျက်ဆီးတယ်။ ပြီးရင်ကင်းစောင့်နေတဲ့သူတွေကို ဖမ်းတယ်။ သူတို့ ဝရမ်းထုတ်ထားတဲ့ အိမ်တွေဆို ဝင်ဖမ်းတယ်။ ဖမ်းဆီးခံရတဲ့သူတွေက ၁၀ယောက်ကျော်တယ်။ သတင်းအသိအကျမရသေးဘူး။ သေတာက တစ်ယောက်ရှိတယ်။ အလောင်းကို စစ်တပ်က သိမ်းထားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူများကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သောကြောင့် ဗန်းမော်တွင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ကာ ကချင်တစ်ပြည်နယ်လုံးတွင် ၁၁ ဦး ရှိပြီ ဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...