ဖမ်းဆီးခံရသော သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ

ဖမ်းဆီးခံရသော သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ

မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် မတ်လ ၂၉ ရက်နေ့က အကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရသော မြစ်ကြီးနားအခြေစိုက် သတင်းထောက် ၂ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ယနေ့ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် The 74 Media မှ မချန်ဘူ နှင့် Kachin Waves မှ ကို လရော် တို့ ၂ ဦးကို လက်ရှိတွင် မြစ်ကြီးနားမြို့ အမှတ် (၁)ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရက်ပိုင်းအတွင်း မြစ်ကြီးနား အကျဥ်းထောင်သို့ ပို့မည်ဟု သိရသည်။

“အခုက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲလိုက်ပြီလို့သိရတယ်။ ရုံးချိန်းတွေက ဘာမှမသိရသေးဘူး” ဟု The 74 Media မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)သည် ပုံမှန်အားဖြင့် အာမခံ မရနိုင်သော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ ဆန္ဒဖော်ထုတ်မှုများကို သတင်းရယူနေသော သတင်းထောက်များကို အာဏာသိမ်းစစ်တပ်ဘက် ယခင်ကလည်း ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ညှိနှိုင်းမှုဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...