ဖမ်းဆီးခံရသော သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ

ဖမ်းဆီးခံရသော သတင်းထောက် ၂ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲ

မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် မတ်လ ၂၉ ရက်နေ့က အကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရသော မြစ်ကြီးနားအခြေစိုက် သတင်းထောက် ၂ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ယနေ့ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် The 74 Media မှ မချန်ဘူ နှင့် Kachin Waves မှ ကို လရော် တို့ ၂ ဦးကို လက်ရှိတွင် မြစ်ကြီးနားမြို့ အမှတ် (၁)ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရက်ပိုင်းအတွင်း မြစ်ကြီးနား အကျဥ်းထောင်သို့ ပို့မည်ဟု သိရသည်။

“အခုက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲလိုက်ပြီလို့သိရတယ်။ ရုံးချိန်းတွေက ဘာမှမသိရသေးဘူး” ဟု The 74 Media မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)သည် ပုံမှန်အားဖြင့် အာမခံ မရနိုင်သော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ ဆန္ဒဖော်ထုတ်မှုများကို သတင်းရယူနေသော သတင်းထောက်များကို အာဏာသိမ်းစစ်တပ်ဘက် ယခင်ကလည်း ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ညှိနှိုင်းမှုဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...