ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး

ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး

ဖားကန့်မြို့နယ် အာဏာသိမ်းစစ်တပ် လက်အောက်ရှိ ရဲတပ်ရင်း စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ရက်နေ့ ယနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေံ့ နံနက်ပိုင်း ၃နာရီခန့် ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ဖာဝါကျေးရွာအတွင်းရှိ ရဲတပ်ရင်းစခန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

“ဒီကနေ့ မနက် ၃နာရီနာလောက်မှာ ဖြစ်တာဟုတ်တယ်။ ဖာဝါကျေးရွာမှာရှိတဲ့ ရဲတပ်ရင်းစခန်းကို KIA ဘက်က ဝင်တိုက်တာဖြစ်မယ်။ အထဲမှာက ရဲသား ၂၀လောက်ဘဲရှိမယ်ထင်ကြတယ်။ ဒါပေမယ့် အထဲမှာ ၃၀လောက်ရှိနေတယ်တဲ့။ ၂ယောက်တော့ လွတ်သွားတယ်တဲ့။ ကျန်တဲ့သူတေတွေအကုန်လုံးက အဲ့မှာ အကုန်လုံး ကျဆုံးသွားတယ်လို့ သတင်းကြားတယ်” ဟု ပြောဆိုသည်။

ဖာဝါကျေးရွာ ရဲတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖာဝါ ဆန်ခါ၊ ကထန်ယာန် စသောကျေးရွာအလယ်တွင်ရှိသည့် ကျောက်စိမ်းတူးဖော်သည့် တောက်ပကြယ်ကုမ္မဏီဝန်းအတွင်းရှိ ရဲကင်းများကိုလည်း ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ နံနက်တိုက်ပွဲကြောင့် ဒေသခံ အိမ်ထောင်စု ၃၀ ခန့်က ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်တိမ်းရှောင်နေကြောင်းသိရသည်။

ထို့အပြင် ယနေ့ နံနက်တိုက်ပွဲကြောင့် ဆန်ခါ၊ ကဋေမှော်၊ ကထန်ယာန် ကျေးရွာအတွင်း လက်နက်ကြီးကျည်များကျရောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာ ရသူများမရှိသေးကြောင်း သိရသည်။

ဖားကန့်မြို့တွင် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သော ပြည်သူလူထုကို ရဲနှင့် စစ်တပ်က ပစ်ခတ်သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ၁ ဦးနှင့် မတ်လ ၂၇ ရက်နေ့တွင် ၁ ဦး စုစုပေါင်း ၂ ဦး ကျဆုံးသွားပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၁၁ ရက်နေ့မှစတင်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...