ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး

ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး

ဖားကန့်မြို့နယ် အာဏာသိမ်းစစ်တပ် လက်အောက်ရှိ ရဲတပ်ရင်း စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ရက်နေ့ ယနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေံ့ နံနက်ပိုင်း ၃နာရီခန့် ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ဖာဝါကျေးရွာအတွင်းရှိ ရဲတပ်ရင်းစခန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

“ဒီကနေ့ မနက် ၃နာရီနာလောက်မှာ ဖြစ်တာဟုတ်တယ်။ ဖာဝါကျေးရွာမှာရှိတဲ့ ရဲတပ်ရင်းစခန်းကို KIA ဘက်က ဝင်တိုက်တာဖြစ်မယ်။ အထဲမှာက ရဲသား ၂၀လောက်ဘဲရှိမယ်ထင်ကြတယ်။ ဒါပေမယ့် အထဲမှာ ၃၀လောက်ရှိနေတယ်တဲ့။ ၂ယောက်တော့ လွတ်သွားတယ်တဲ့။ ကျန်တဲ့သူတေတွေအကုန်လုံးက အဲ့မှာ အကုန်လုံး ကျဆုံးသွားတယ်လို့ သတင်းကြားတယ်” ဟု ပြောဆိုသည်။

ဖာဝါကျေးရွာ ရဲတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖာဝါ ဆန်ခါ၊ ကထန်ယာန် စသောကျေးရွာအလယ်တွင်ရှိသည့် ကျောက်စိမ်းတူးဖော်သည့် တောက်ပကြယ်ကုမ္မဏီဝန်းအတွင်းရှိ ရဲကင်းများကိုလည်း ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ နံနက်တိုက်ပွဲကြောင့် ဒေသခံ အိမ်ထောင်စု ၃၀ ခန့်က ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်တိမ်းရှောင်နေကြောင်းသိရသည်။

ထို့အပြင် ယနေ့ နံနက်တိုက်ပွဲကြောင့် ဆန်ခါ၊ ကဋေမှော်၊ ကထန်ယာန် ကျေးရွာအတွင်း လက်နက်ကြီးကျည်များကျရောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာ ရသူများမရှိသေးကြောင်း သိရသည်။

ဖားကန့်မြို့တွင် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သော ပြည်သူလူထုကို ရဲနှင့် စစ်တပ်က ပစ်ခတ်သဖြင့် မတ်လ ၁၄ ရက်နေ့တွင် ၁ ဦးနှင့် မတ်လ ၂၇ ရက်နေ့တွင် ၁ ဦး စုစုပေါင်း ၂ ဦး ကျဆုံးသွားပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၁၁ ရက်နေ့မှစတင်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...