ဗန်းမော်တွင် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

ဗန်းမော်တွင် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ အလွတ်တန်းသတင်းထောက်သည် ကလောင်အမည် ဘဘဂျိုးဖြူအမည်ဖြင့် မဇ္စျိမသတင်းဌာနသို့ သတင်းပေးပို့တင်ဆက်နေသည့် ကချင်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကို မတ် ၁၉ ရက် ဂေါရကန်ကန်စောင်းတွင် သတင်းမှတ်တမ်းယူနေစဉ်အတွင်း ဗန်းမော်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိချိန်တွင် ၎င်းကိုမည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးသည့်မပြင် မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရရှိသးကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် သတင်းသမားများကို အကြောင်းမဲ့ ဖမ်းဆီးမှုများပြုလုပ်နေပြီး မကြာသေးခင် မတ် ၁၉ ရက်ကလည်း ဘီဘီစီမြန်မာဌာန နေပြည်တော်အခြေစိုက် သတင်းထောက် ကိုအောင်သူရနှင့် မဇ္စျိမမီဒီယာမှ သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တို့ကို နေပြည်တော်တွင် ဖမ်းဆီးကြောင်း သိရသည်။

အဆိုပါ သတင်းသမားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်၏ တတိယအကြိမ်ရုံးထုတ်ကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးတွင်ပြုလုပ်ခဲ့ရာ သတင်းသွားရောက်ယူစဉ် ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲများတွင် သတင်းယူနေစဉ် အဖမ်းခံခဲ့ရသော သတင်းသမား အယောက် ၃၀ ခန့်ရှိကြောင်းနှင့် တချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တချို့ကို ဆက်လက်ဖမ်းဆီးပြီး တရားစွဲဆိုခံနေရကြောင်း သိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...