ဗန်းမော်တွင် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

ဗန်းမော်တွင် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ အလွတ်တန်းသတင်းထောက်သည် ကလောင်အမည် ဘဘဂျိုးဖြူအမည်ဖြင့် မဇ္စျိမသတင်းဌာနသို့ သတင်းပေးပို့တင်ဆက်နေသည့် ကချင်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကို မတ် ၁၉ ရက် ဂေါရကန်ကန်စောင်းတွင် သတင်းမှတ်တမ်းယူနေစဉ်အတွင်း ဗန်းမော်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိချိန်တွင် ၎င်းကိုမည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးသည့်မပြင် မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရရှိသးကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် သတင်းသမားများကို အကြောင်းမဲ့ ဖမ်းဆီးမှုများပြုလုပ်နေပြီး မကြာသေးခင် မတ် ၁၉ ရက်ကလည်း ဘီဘီစီမြန်မာဌာန နေပြည်တော်အခြေစိုက် သတင်းထောက် ကိုအောင်သူရနှင့် မဇ္စျိမမီဒီယာမှ သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တို့ကို နေပြည်တော်တွင် ဖမ်းဆီးကြောင်း သိရသည်။

အဆိုပါ သတင်းသမားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးဝင်းထိန်၏ တတိယအကြိမ်ရုံးထုတ်ကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးတွင်ပြုလုပ်ခဲ့ရာ သတင်းသွားရောက်ယူစဉ် ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲများတွင် သတင်းယူနေစဉ် အဖမ်းခံခဲ့ရသော သတင်းသမား အယောက် ၃၀ ခန့်ရှိကြောင်းနှင့် တချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တချို့ကို ဆက်လက်ဖမ်းဆီးပြီး တရားစွဲဆိုခံနေရကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...