နမ္မတီးမြို့ အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွဲခံရ

နမ္မတီးမြို့ အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွဲခံရ

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ကြောင်းသိရသည်။

သပိတ်စစ်ကြောင်းမထွက်မှီ နံနက် ၉နာရီအချိန်တွင် မြို့မရပ်ကွက်ရှိ ဘုန်းကြီးကျောင်းရှေ့ လူစုနေရာတွင် ရဲနှင့် စစ်သားများက ရောက်လာပြီး လူစုဖြိုခွဲခဲ့သည်ဟု သပိတ်စစ်ကြောင်းတွင်ပါဝင်ခဲ့သူ လူငယ်တစ်ဦးထံမှ သိရသည်။

“မနက် ၉နာရီနာရီလောက်မှာ လူစုနေရာမှာပဲ ဖြိုခွဲခံရတယ်။ ရဲနဲ့စစ် အင်အားက ခါတိုင်းထက်များတယ်။ အရင်နေ့မှာက စစ်တပ်ကားမပါဘူး။ ဒီကနေ့ က ၂စီးတောင်ပါတယ်။ ခါတိုင်းနေ့ဆို ဖြိုခွဲတာတွေမရှိဘူး။ ဒါပေမယ့် အချိန်အကန့် အသတ်နဲ့ပဲလုပ်ခိုင်းတယ်။ ဒီမနက်က လာတာနဲ့ တစ်ခါတည်း အမိန့်ပေးတယ်။ ၅ မိနစ်အတွင်း လူစုခွဲပေးဖို့ ပေါ့” ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦီးက ပြောသည်။

နမ္မတီးမြို့အတွင်း အာဏာရှင်စနစ်ဆန့်ကျင်သည့် ဆန္ဒပြပွဲ နေ့တိုင်းပြုလုပ်လျက်ရှိပြီး ယမန်နေ့တွင် အချိန်အကန့်အသတ်ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့ပြီးနောက် ဒီကနေ့ မှာ ပထမဆုံးအကြိမ်ဖြိုခွဲခံရခြင်းဖြစ်သည်။

ယနေ့ သပိတ်ဖြိုခွင်းရာတွင် သေနတ်ပစ်ခြင်း မရှိသေးကြောင်း သိရသည်။

အကြမ်းဖက် ဖြိုခွင်းခံရသော်လည်း လူငယ်များက ဆိုင်ကယ်သပိတ်ဖြင့် အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများက ကန့်သတ်မှု၊ ပစ်ခတ်မှုကြား နေ့စဉ် ရရာနည်းဖြင့် ဆန္ဒဖော်ထုတ်နေကြသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...