နမ္မတီးမြို့ အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွဲခံရ

နမ္မတီးမြို့ အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွဲခံရ

မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့် စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ကြောင်းသိရသည်။

သပိတ်စစ်ကြောင်းမထွက်မှီ နံနက် ၉နာရီအချိန်တွင် မြို့မရပ်ကွက်ရှိ ဘုန်းကြီးကျောင်းရှေ့ လူစုနေရာတွင် ရဲနှင့် စစ်သားများက ရောက်လာပြီး လူစုဖြိုခွဲခဲ့သည်ဟု သပိတ်စစ်ကြောင်းတွင်ပါဝင်ခဲ့သူ လူငယ်တစ်ဦးထံမှ သိရသည်။

“မနက် ၉နာရီနာရီလောက်မှာ လူစုနေရာမှာပဲ ဖြိုခွဲခံရတယ်။ ရဲနဲ့စစ် အင်အားက ခါတိုင်းထက်များတယ်။ အရင်နေ့မှာက စစ်တပ်ကားမပါဘူး။ ဒီကနေ့ က ၂စီးတောင်ပါတယ်။ ခါတိုင်းနေ့ဆို ဖြိုခွဲတာတွေမရှိဘူး။ ဒါပေမယ့် အချိန်အကန့် အသတ်နဲ့ပဲလုပ်ခိုင်းတယ်။ ဒီမနက်က လာတာနဲ့ တစ်ခါတည်း အမိန့်ပေးတယ်။ ၅ မိနစ်အတွင်း လူစုခွဲပေးဖို့ ပေါ့” ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦီးက ပြောသည်။

နမ္မတီးမြို့အတွင်း အာဏာရှင်စနစ်ဆန့်ကျင်သည့် ဆန္ဒပြပွဲ နေ့တိုင်းပြုလုပ်လျက်ရှိပြီး ယမန်နေ့တွင် အချိန်အကန့်အသတ်ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ရရှိခဲ့ပြီးနောက် ဒီကနေ့ မှာ ပထမဆုံးအကြိမ်ဖြိုခွဲခံရခြင်းဖြစ်သည်။

ယနေ့ သပိတ်ဖြိုခွင်းရာတွင် သေနတ်ပစ်ခြင်း မရှိသေးကြောင်း သိရသည်။

အကြမ်းဖက် ဖြိုခွင်းခံရသော်လည်း လူငယ်များက ဆိုင်ကယ်သပိတ်ဖြင့် အာဏာရှင်ကို ဆက်လက် ဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများက ကန့်သတ်မှု၊ ပစ်ခတ်မှုကြား နေ့စဉ် ရရာနည်းဖြင့် ဆန္ဒဖော်ထုတ်နေကြသည်ဟု သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...