ရှဒူးဇွပ် စစ်တပ်အနီး သွားလာခြင်းမပြုရန် ဒေသခံများကို အာဏာသိမ်းစစ်တပ်က သတိပေး

ရှဒူးဇွပ် စစ်တပ်အနီး သွားလာခြင်းမပြုရန် ဒေသခံများကို အာဏာသိမ်းစစ်တပ်က သတိပေး

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာဒေသခံများကို မလိုအပ်ဘဲ ကျေးရွာအပြင်ထွက်ခြင်းမပြုရန် အာဏာသိမ်းစစ်တပ်က သတိပေးထားသည်ဟု သိရသည်။

ရှဒူးဇွပ်ကျေးရွာအခြေစိုက် ခလရ ၂၉၇ တပ်ရင်းဖြင့် နီးကပ်သော ဆုတောင်းတောင်တွင်သွားလာခြင်းမပြုရန်၊ တောင်ယာမီးမရိူ့ကြရန် ၊ ညအပြင်မထွက်ရန် စသည်တို့ကို အာဏာသိမ်းစစ်တပ်ဘက်က သတိပေးလာသည်ဟု ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လီဒိုလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း သေနတ်နှင့် ဗုံးသံအချို့ ကြားရကြောင်း ဒေသခံများ ပြောသည်။

ကချင်ပြည်နယ်အနောက်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ မြောက်ဘက် တပ်မဟာ ၁ နယ်မြေ နှင့် ရှမ်းမြောက် တပ်မဟာ ၆ နယ်မြေတို့တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေချိန်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...