ရှဒူးဇွပ် စစ်တပ်အနီး သွားလာခြင်းမပြုရန် ဒေသခံများကို အာဏာသိမ်းစစ်တပ်က သတိပေး

ရှဒူးဇွပ် စစ်တပ်အနီး သွားလာခြင်းမပြုရန် ဒေသခံများကို အာဏာသိမ်းစစ်တပ်က သတိပေး

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာဒေသခံများကို မလိုအပ်ဘဲ ကျေးရွာအပြင်ထွက်ခြင်းမပြုရန် အာဏာသိမ်းစစ်တပ်က သတိပေးထားသည်ဟု သိရသည်။

ရှဒူးဇွပ်ကျေးရွာအခြေစိုက် ခလရ ၂၉၇ တပ်ရင်းဖြင့် နီးကပ်သော ဆုတောင်းတောင်တွင်သွားလာခြင်းမပြုရန်၊ တောင်ယာမီးမရိူ့ကြရန် ၊ ညအပြင်မထွက်ရန် စသည်တို့ကို အာဏာသိမ်းစစ်တပ်ဘက်က သတိပေးလာသည်ဟု ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လီဒိုလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း သေနတ်နှင့် ဗုံးသံအချို့ ကြားရကြောင်း ဒေသခံများ ပြောသည်။

ကချင်ပြည်နယ်အနောက်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ မြောက်ဘက် တပ်မဟာ ၁ နယ်မြေ နှင့် ရှမ်းမြောက် တပ်မဟာ ၆ နယ်မြေတို့တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေချိန်ဖြစ်သည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...