တနိုင်းမြို့နယ်၊ထ(၁) ကျောင်းအုပ်ဆရာမကြီးမှ CDM ပါ၀င်သည့် ပညာရေး၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုဟုဆို

တနိုင်းမြို့နယ်၊ထ(၁) ကျောင်းအုပ်ဆရာမကြီးမှ CDM ပါ၀င်သည့် ပညာရေး၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုဟုဆို

တနိုင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) မှ ကျောင်းအုပ်ဆရာမကြီးက Civil Disobedience Movement (CDM) တွင် ပါ၀င်သည့် ပညာရေး၀န်ထမ်းအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုကြောင်း သိရသည်။

“ကျွန်မကို လာပြောတာတော့မဟုတ်ဘူး။ ကျွန်မက ၀န်ထမ်းအိမ်ရာမှာ မနေဘူး။ ဆရာမတစ်ယောက်ကို လာပြောတာ။ ဆန္ဒပြတဲ့ထဲ၊ CDM လုပ်တဲ့ထဲပါရင် ၀န်ထမ်းအိမ်ရာကနေ ထွက်သွားပေးဆိုပြီးပြောတာ” ဟု ဆရာမတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

ကာယကံရှင်ဖြစ်သူ ဆရာမအနေဖြင့်လည်း (CDM) တွင် ဆက်လက်ပါ၀င်သွားရန်နှင့် ၀န်ထမ်းအိမ်ရာမှ ထွက်ခွာသွားရန်လည်း ဆုံးဖြတ်ထားကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင်းရှိ ဆရာ/ဆရာမ များအနေဖြင့် (CDM) တွင်ပါ၀င်သူများရှိကြောင်း ၊ ပြည်သူများနှင့်အတူ တစ်သားတည်းရှိနေကြောင်း ၎င်းက ဆိုသည်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...