တနိုင်းမြို့နယ်၊ထ(၁) ကျောင်းအုပ်ဆရာမကြီးမှ CDM ပါ၀င်သည့် ပညာရေး၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုဟုဆို

တနိုင်းမြို့နယ်၊ထ(၁) ကျောင်းအုပ်ဆရာမကြီးမှ CDM ပါ၀င်သည့် ပညာရေး၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုဟုဆို

တနိုင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) မှ ကျောင်းအုပ်ဆရာမကြီးက Civil Disobedience Movement (CDM) တွင် ပါ၀င်သည့် ပညာရေး၀န်ထမ်းအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုကြောင်း သိရသည်။

“ကျွန်မကို လာပြောတာတော့မဟုတ်ဘူး။ ကျွန်မက ၀န်ထမ်းအိမ်ရာမှာ မနေဘူး။ ဆရာမတစ်ယောက်ကို လာပြောတာ။ ဆန္ဒပြတဲ့ထဲ၊ CDM လုပ်တဲ့ထဲပါရင် ၀န်ထမ်းအိမ်ရာကနေ ထွက်သွားပေးဆိုပြီးပြောတာ” ဟု ဆရာမတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

ကာယကံရှင်ဖြစ်သူ ဆရာမအနေဖြင့်လည်း (CDM) တွင် ဆက်လက်ပါ၀င်သွားရန်နှင့် ၀န်ထမ်းအိမ်ရာမှ ထွက်ခွာသွားရန်လည်း ဆုံးဖြတ်ထားကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင်းရှိ ဆရာ/ဆရာမ များအနေဖြင့် (CDM) တွင်ပါ၀င်သူများရှိကြောင်း ၊ ပြည်သူများနှင့်အတူ တစ်သားတည်းရှိနေကြောင်း ၎င်းက ဆိုသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...