ဖားကန့်မြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းမှု ရှမ်းနီအမျိုးသားတစ်ဦး ရင်ဘတ်ကျည်ဆံထိမှန် သေဆုံး

ဖားကန့်မြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းမှု ရှမ်းနီအမျိုးသားတစ်ဦး ရင်ဘတ်ကျည်ဆံထိမှန် သေဆုံး

ယနေ့ မတ်လ(၁၄)ရက်နေ့ ဖားကန့်မြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခဲ့မှုတွင် ရှမ်းနီတိုင်းရင်းသား အမျိုးသားတစ်ဦးဖြစ်သူ ကိုကျော်လင်းထိုက်(ခ) အထိုက်မှာ ရင်ဘက်ကျဉ်ထိမှန်ဒဏ်ရာဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။

အဆိုပါကွယ်လွန်သူသည်ဖားကန်မြို့နယ် ဆိပ်မူ ရပ်ကွက် ၄ တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။

“နန်းနန်းရဲ့မောင်လေးအရင်း..ကျော်လင်းထိုက်(ခ)အထိုက်..အထိုက်လေး (မိုးကောင်း.အိုးတန်းရပ်ကွက်)ခုဖားကန့်မှာကျည်ဆံထိလို့တဲ့ဆုံးသွားပြီတဲ့.. ကယ်ကြပါအုံး” အဆိုပါကွယ်လွန်သူ၏ အစ်မဖြစ်သူက သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။

ဖားကန်သပိတ်စစ်ကြောင်း ဖြိုခွင်းနှိမ်နင်းမှု‌‌ကို ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသေဆုံးမှုသည် ဖားကန့်မြို့တွင် ပထမဆုံး ဖြစ်ခဲ့ပြီး ရှမ်းနီတိုင်းရင်းသားထဲတွင် စစ်အာဏာရှင်ဆန်ကျင်မှုကြောင့် ပထမဆုံး သေဆုံးမှုဖြစ်သည်။

ယနေ့ ဖားကန် စစ်အာဏာရှင်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုတွင် တခြားဒဏ်ရာရရှိသူများလဲရှိ‌ေကြာင်းသိရသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...