ဖားကန့်မြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းမှု ရှမ်းနီအမျိုးသားတစ်ဦး ရင်ဘတ်ကျည်ဆံထိမှန် သေဆုံး

ဖားကန့်မြို့၌ သပိတ်စစ်ကြောင်းဖြိုခွင်းမှု ရှမ်းနီအမျိုးသားတစ်ဦး ရင်ဘတ်ကျည်ဆံထိမှန် သေဆုံး

ယနေ့ မတ်လ(၁၄)ရက်နေ့ ဖားကန့်မြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခဲ့မှုတွင် ရှမ်းနီတိုင်းရင်းသား အမျိုးသားတစ်ဦးဖြစ်သူ ကိုကျော်လင်းထိုက်(ခ) အထိုက်မှာ ရင်ဘက်ကျဉ်ထိမှန်ဒဏ်ရာဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။

အဆိုပါကွယ်လွန်သူသည်ဖားကန်မြို့နယ် ဆိပ်မူ ရပ်ကွက် ၄ တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။

“နန်းနန်းရဲ့မောင်လေးအရင်း..ကျော်လင်းထိုက်(ခ)အထိုက်..အထိုက်လေး (မိုးကောင်း.အိုးတန်းရပ်ကွက်)ခုဖားကန့်မှာကျည်ဆံထိလို့တဲ့ဆုံးသွားပြီတဲ့.. ကယ်ကြပါအုံး” အဆိုပါကွယ်လွန်သူ၏ အစ်မဖြစ်သူက သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။

ဖားကန်သပိတ်စစ်ကြောင်း ဖြိုခွင်းနှိမ်နင်းမှု‌‌ကို ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသေဆုံးမှုသည် ဖားကန့်မြို့တွင် ပထမဆုံး ဖြစ်ခဲ့ပြီး ရှမ်းနီတိုင်းရင်းသားထဲတွင် စစ်အာဏာရှင်ဆန်ကျင်မှုကြောင့် ပထမဆုံး သေဆုံးမှုဖြစ်သည်။

ယနေ့ ဖားကန် စစ်အာဏာရှင်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုတွင် တခြားဒဏ်ရာရရှိသူများလဲရှိ‌ေကြာင်းသိရသည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...