စစ်ကောင်စီနှင့်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုရပ်ဆိုင်းထားခြင်းကို အခိုင်အမာဆက်လက်ကိုင်စွဲထားမည်ဟု PPST ပြော

စစ်ကောင်စီနှင့်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုရပ်ဆိုင်းထားခြင်းကို အခိုင်အမာဆက်လက်ကိုင်စွဲထားမည်ဟု PPST ပြော

လက်ရှိကာလနှင့် နိုင်ငံရေးအခြေအနေအောက်တွင် စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေး နွေးမှုရပ် ဆိုင်းထားသည့် ဆုံးဖြတ်ချက်ကို အခိုင်အမာဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း အပစ်ရပ် (၁၀)ဖွဲ့ဖြင့် ဖွဲ့ စည်းခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ (မတ်လ ၁၁ ရက်)တွင် အွန်လိုင်း video conference ဖြင့် ပြုလုပ်သည့် PPST ၏ အစည်းအဝေး အ ဖွင့်မိန့်ခွန်း၌ PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ် သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် PPST၏ အရေးပေါ်အစည်းအဝေးအတွင် လက်ရှိ ကာလတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းမှုများကို ရပ်ဆိုင်ထား မည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ ၂၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားခြင်းအပေါ် ဆိုလိုပြောဆိုခြင်းဖြစ်သည်။

ထို့အပြင် ယနေ့ ပြုလုပ်သည့် အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအကြပ်အတည်း ကာလတွင် တစ်ဖွဲ့ ချင်းစီ၏ လုပ်ဆောင်ချက်များကို တင်ပြဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်၏ မိန့်ခွန်း၌ ဆက်လက်ပြောဆိုထားသည်။

ယခုလအတွင်း အပစ်ရပ်ထိုးခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များနှင့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှခန့် အပ် ထားသော ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာတို့ သီးသန့်တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့သည်။

၎င်းတွေ့ဆုံးမှုကာလအတွင်း၌လည်း CRPHမှ နိုင်ငံရေးရည်မှန်းချက်တစ်စောင် ထုတ်ပြန်ရာတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ အစဉ်တစ်စိုက် မျှော်မှန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်ပေါက်ရေးစသည့် အချက် ၄ ချက်ပါသည့် နိုင်ငံရေးရည်မှန်းချက် သဘောထားကို ပြီးခဲ့သည့် မတ်လ ၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အလားတူ CRPH မှလည်း ပြီးခဲ့သည့် မတ်လ ၉ရက်နေ့က သျှမ်း(ရှမ်း) ပြည်ပြန်လည်ထူထောင်ရေး/ရှမ်း ပြည်တပ်မတော်( RCSS/SSA) နှင့် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

လက်ရှိ စစ်ကောင်စီ၏ လက်နက်ကိုင်အုပ်စုများမှ ဆန္ဒဖော်ထုတ်ကြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းအပေါ် အပြင်းအထန်ရှုတ်ချကြောင်းနှင့်  ပြည်သူလူထုဆန္ဒအတိုင်း ရပ် တည် ဆောင်ရွက်သည့်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို PPST အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်၏ မိန့်ခွန်း၌ ဆက်လက်ဖော်ပြ ထားသည်။

လတ်တလောတွင်လည်း NCA အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ RCSS အပြင် အပစ်ရပ်လက်မှတ် မရေးထိုးထားသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိသည်။ သို့သော် ယခင်အကြမ်းဖက် အုပ်စုအနေဖြင့် အစိုးရ၏ ကြေညာထားခြင်းခံရသည့် ရက္ခိုင့်တပ်တော်(AA)ကို ယနေ့တွင် စစ်ကောင်စီမှ အကြမ်းဖက် အုပ် စုမှ ပယ်ဖျက်လိုက်ကြောင်း ကြေညာခဲ့သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...