CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ

CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH မှ ယမန်နေ့ (မတ်လ ၉ ရက်) က ဒုသမ္မတ ခန့်အပ်လိုက် သည့် မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။



မန်းဝင်းခိုင်သန်း၏ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မန်းဘခိုင်လမ်းရှိ နေအိမ် အား ယနေ့ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့များမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု အနီးဝန်းကျင်ရှိ ပြည်သူများက ပြောသည်။

“ရဲတပ်ဖွဲ့ ကား ၃ စီးခန့်ဖြင့် မွန်းလွဲ ၂ နာရီလောက်က လာကြတာပါ ။ အခုတော့ သူတို့ပြန် သွားကြပါပြီး။ ဘာတွေပါသွားလဲဆိုတာတော့ အတိအကျ မသိရဘူး”ဟု ပြည်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

CRPH မှ ဒုသမ္မတအဖြစ် ခန့်အပ်ခြင်းခံရသော မန်းဝင်းခိုင်သန်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေး ကောက်ပွဲ၌  မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အနိုင်ရကိုယ်စားလှယ်ဖြစ်ပြီး ယခင်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖစ်သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...