နဘူးတိုက်နယ် ကျေးရွာလူထု ထောင်နှင့်ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ KNLA တပ်မဟာ ၇ ဝန်းရံပေး

နဘူးတိုက်နယ် ကျေးရွာလူထု ထောင်နှင့်ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲ KNLA တပ်မဟာ ၇ ဝန်းရံပေး

ကရင်ပြည်နယ် ၊ ကော့ကရိတ်ခရိုင် နဘူးမြို့နှင့် အနီးဝန်းကျင်ရှိ ကရင်တိုင်းရင်းသား လူထု ထောင်နှင့် ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဆန္ဒပြပွဲအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၇ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဖောဒို ဦးစီးသောတပ်ဖွဲ့ဝင်များက ဝန်းရံပေး ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်ခရိုင် နဘူးမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သော နန်းဆံလစ်၊ နဘူး တံခွန် တိုင် အစရှိသည့် ကျေးရွာပေါင်း (၈) ရွာခန့်မှ ပြည်သူလူထု တစ်ထောင်ကျော်သည် စစ်အာ ဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မတရားဖမ်းဆီးခံရသူများလွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး၊ ဘဝတူတိုင်းရင်းသားများစည်းလုံးညီညွှတ်ရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ကျေးရွာလမ်း တလျှောက်ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ မတ်လ ၅ ရက် နံနက်ပိုင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ကေ အဲန်ယူ ဖားအံခရိုင် (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ နယ်မြေ) အတွင်းရှိ နဘူးမြို့နယ်၊ လှိုင်းဘွဲမြို့နယ် နှင့် ပိုင်ကျုံမြို့နယ်တို့တွင် တပြိုင်နက် တည်းပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲများ၌ ပြည်သူများဘေးကင်းလုံခြုံရေးအတွက် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ထားသောမူဝါဒများအတိုင်း KNLA တပ်မဟာ ၇ က ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောဖောဒိုက ကေအိုင်စီသို့ ပြော သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...