လှိုင်းဘွဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး CDM လှုပ်ရှားမှုတွင် ဝင်ရောက်

လှိုင်းဘွဲမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး CDM လှုပ်ရှားမှုတွင် ဝင်ရောက်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား စောခန့်ရွှေသည်  ယနေ့ မတ်လ ၅ ရက်နေ့မှစ၍ ပြည်သူနှင့်အတူ CDM ( Civil Disobedience Movement ) လှုပ်ရှားမှုတွင် ပူးပေါင်းဝင်ရောက်ကြောင်း သူ၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အသိပေးကြေညာလိုက်သည်။

ပြည်သူများအပေါ် စစ်အာဏာရှင်မှ မတရားလုပ်ဆောင်နေသည်များကို မြင်တွေ့သိရှိနေရသည့်အပြင် ရဲတပ်ဖွဲ့ဝင်များအား မတရားအမိန့်ပေး၍ ပြည်သူများအပေါ် ဥပဒေမဲ့မတရားစေခိုင်း ပြုလုပ်ခြင်းများကို လုံးဝမလုပ်ကိုင်နိုင်ပါသဖြင့် မိမိဆန္ဒအလျောက် CDM ပြုလုပ်သွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ရဲတပ်သား စောခန့်ရွှေက “ ကျနော့်အသက်ဆို ၂၂ ပဲရှိသေးတယ်။ ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့တွေကမ္ဘာကြီးနဲ့ဆက်ဆံနေတဲ့အချိန်မှာ အာဏာသိမ်းလိုက်ပြီးတော့ ဒီလောက် ပြည်သူတွေသန်းပေါင်းများစွာက လမ်းပေါ်ထွက်ပြီး အော်ပြောနေတယ်။ ကမ္ဘာကြီးကလည်း ပြောနေတယ်။ အဲဒါကို လုံးဝကို မျက်ကွယ်ပြုတယ်။ ပြည်သူလူထုတွေအပေါ် ဥပဒေနဲ့မညီညွတ်ဘဲ လုပ်နေကြတယ်ဗျာ၊  ”ဟု ကေအိုင်စီသို့ ပြောသည် ။

သူ့အနေဖြင့် အလုပ်မှနုတ်ထွက်ခြင်း၊ ပါတီနိုင်ငံရေးဆောင်ရွက်ခြင်း၊ ခွင့်မဲ့ပျက်ကွက်ပြီး ရဲတပ်ဖွဲ့မှထွက်ပြေးတိမ်းရှောင်နေခြင်းမဟုတ်သလိုတပ်ဖွဲ့နှင့်ပတ်သက်သည့် မည်သည့်ပစ္စည်းတစ်စုံတစ်ရာမှ ယူဆောင်သွားခြင်းမရှိကြောင်း၊ ပြည်သူ့အကျိုးကို လိုလားသော ရဲတပ်ဖွဲ့ဝင်တစ်ဦးနေအဖြင့် ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြောက်ထားသော အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာမှသာ မိမိ၏ မူလတာဝန်လုပ်ငန်းများကို ပြန်လည် ထမ်းဆောင်မည်ဟုလည်း စောခန့်ရွှေက ပြောသည်။

“ ပြည်သူလူထုကို ပြောချင်တာကတော့ ဆက်တိုက်ထားပါ။ အားတင်းထားပါ။ ကျနော်တို့ပြည်သူတွေနဲ့အတူ ရှိနေပါတယ်။ နောက် ရဲတပ်ဖွဲ့ဝင်တွေကို ဘာပြောချင်လဲဆိုတော့ ကိုယ့်ရဲ့ကျင့်ဝတ်တွေကို ကိုယ်သိပါလို့ပဲ ပြောချင်ပါတယ်”ဟု ရဲတပ်သား စောခန့်ရွှေက ထပ်မံပြောဆိုသည်။

 ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြပြီး CDM ဝင်ခဲ့သည့် ဖားအံမြို့မှ ရဲတပ်သား ၂ ဦး၊ ပြည်နယ်အကူရဲတပ်သား တစ်ဦးနှင့်  ယခုလှိုင်းဘွဲမြို့မရဲစခန်းမှ တပ်သား စောခန့်ရွှေအပါအဝင် ကရင်ပြည်နယ်အနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးရှိပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် ရဲတပ်ဖွဲ့ဝင်များကို ၎င်းတို့နယ်မြေတွင် ကူညီစောင့်ရှောက်ထားသည်မှာ ၅ ဦးအထိရှိလာပြီဟုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...