ဖားအံမြို့ရှိ ဓာတ်ပုံနှင့်ဗီနိုင်းဆိုင်များကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးမှုပြုလုပ်

ဖားအံမြို့ရှိ ဓာတ်ပုံနှင့်ဗီနိုင်းဆိုင်များကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးမှုပြုလုပ်

ကရင်ပြည်နယ်ဖားအံမြို့တွင်ရှိသည့် ဓာတ်ပုံနှင့်ဗီနိုင်း စတေကာ ထုတ်သည့်ဆိုင်များကို ယနေ့ နံနက် အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆိုင်များတွင် CDM (Civil Disobedience Movement) နှင့် ပတ်သက်သည့် နှိုးဆော်စာနှင့် ပတ်သက်သည့် စာသားများ လာရောက်ကူးယူခြင်းရှိမရှိ ဝင်ရောက်စစ်ဆေးမှု များရှိသလို တွေ့ရှိသည့် စာသားပါစတေကာနှင့်ဗီနိုင်းဓာတ်ပုံအားလုံးကို သိမ်းယူထားလိုက် သည်ဟုလည်း သိရသည်။

ရဲများဝင်ရောက်စစ်ဆေးချိန်တွင် ဗီနိုင်းဆိုင်တစ်ဆိုင်ထဲ၌ ရောက်ရှိသူတစ်ဦးက“ သူတို့လာ စစ်တဲ့အချိန်မှာ ကျနော်က ဓာတ်ပုံသွားကူးဖို့ဆိုင်ထဲမှာ ရောက်နေတယ်။ သူတို့က စစ်အာ ဏာဆန့်ကျင်ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်တဲ့ စာသားအားလုံးကို စစ်ဆေးတယ်။ တွေ့ရင် လာကူးတဲ့ လူနာမည်လိပ်စာဖုန်းနံပါတ်အကုန်တောင်းတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တွင် လူသိများသည့် ဓာတ်ပုံ မိတ္တူနှင့်ဗီနိုင်းစတေကာဆိုင်များဖြစ်သည့် ဖူဂျီ၊ လောကနတ်နှင့် ဦးဆောက်ပန်းစသည့်ဆိုင်များကို ဝင်ရောက်စစ်ဆေးသွားကာ ဖူဂျီဆိုင်ပိုင်ရှင် ကိုလည်း မေးမြန်းရန်ရှိဟုဆို၍ သက်ဆိုင်ရာမှ ခေါ်သွားသည်ဟု သိရသည်။

ဖားအံမြို့တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့က လမ်းလျှေက်ချီတက်ဆန္ဒပြသူများကိုရဲနှင့်စစ်တပ်မှ အင်အားသုံးဖြိုခွင်းခဲ့သလို လူ ၈၀ကျော်ကိုလည်းဖမ်းဆီးခဲ့သည့်အတွက် ယနေ့ လူထုများမှလမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းမရှိတော့ဘဲ ဆိုင်ကယ်စီးပြီးပုံစံပြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ကို မြင်တွေ့ရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...