လီဆူအနုပညာရှင်တစ်ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး

လီဆူအနုပညာရှင်တစ်ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး

လီဆူ အနုပညာရှင်တစ်ဦးဖြစ်သော ယောတီဖာကို ယမန်နေ့ည ၁၂ နာရီခန့် စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

သူသည် ပူတာအိုဇာတိဖြစ်ပြီး ယမန်နေ့ည မြစ်ကြီးနား ရမ်ဘိုရပ်ကွက်ရှိ အသိမိတ်ဆွေ တစ်ဦး၏ နေအိမ်၌ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အရပ်ဝတ်လူတစ်စုနှင့် စစ်ဝတ်စုံဖြင့် စစ်သားက အိမ်အထိ ဝင်ရောက်လာချိန် ယောတီဖာသည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း အဖမ်းခံခဲ့ရပြီး၊ နေအိမ်တံခါးများ ချိုးဖျက်ခံရကာ မှတ်ပုံတင် စသည့်ပစ္စည်းများလည်း သိမ်းယူသွားကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ အနုပညာရှင်များအနက် ယောတီဖာသည် ပထမဆုံး အဖမ်းခံရသူဖြစ်ပြီး သူ့ကို ဖမ်းဆီးသည့် အကြောင်းရင်းကို အတိအကျမသိသော်လည်း သူ၏ မိတ်ဆွေတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“ကျနောတို့ သူငယ်ချင်းတွေ ဝိုင်းဝန်းပြီး သုံးသပ်ကြည့်တာ သူကတော့ NLD ကို လက်ရှိအစိုးရကို အရမ်းထောက်ခံတာ။ စည်းရုံးရေးကာလမှာလည်း သီချင်းတွေရေးစပ်ပေးတယ် ဆိုတယ်။ ဒီကြားထဲမှာလည်း ပူတာအိုမှာ ဆန္ဒပြတဲ့ထဲ ပါဝင်တယ်ထင်တယ်။ အဓိကတော့ အဲဒီအကြောင်းအရာတွေကြောင့်ဖြစ်မယ်လို့ ထင်တယ်။” ဟု အမည်မဖော်လိုသူ သူ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုများနေ့စဉ် ဖြစ်ပေါ်နေပြီး နေ့စဉ် ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...