လီဆူအနုပညာရှင်တစ်ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး

လီဆူအနုပညာရှင်တစ်ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး

လီဆူ အနုပညာရှင်တစ်ဦးဖြစ်သော ယောတီဖာကို ယမန်နေ့ည ၁၂ နာရီခန့် စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

သူသည် ပူတာအိုဇာတိဖြစ်ပြီး ယမန်နေ့ည မြစ်ကြီးနား ရမ်ဘိုရပ်ကွက်ရှိ အသိမိတ်ဆွေ တစ်ဦး၏ နေအိမ်၌ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အရပ်ဝတ်လူတစ်စုနှင့် စစ်ဝတ်စုံဖြင့် စစ်သားက အိမ်အထိ ဝင်ရောက်လာချိန် ယောတီဖာသည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း အဖမ်းခံခဲ့ရပြီး၊ နေအိမ်တံခါးများ ချိုးဖျက်ခံရကာ မှတ်ပုံတင် စသည့်ပစ္စည်းများလည်း သိမ်းယူသွားကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ အနုပညာရှင်များအနက် ယောတီဖာသည် ပထမဆုံး အဖမ်းခံရသူဖြစ်ပြီး သူ့ကို ဖမ်းဆီးသည့် အကြောင်းရင်းကို အတိအကျမသိသော်လည်း သူ၏ မိတ်ဆွေတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“ကျနောတို့ သူငယ်ချင်းတွေ ဝိုင်းဝန်းပြီး သုံးသပ်ကြည့်တာ သူကတော့ NLD ကို လက်ရှိအစိုးရကို အရမ်းထောက်ခံတာ။ စည်းရုံးရေးကာလမှာလည်း သီချင်းတွေရေးစပ်ပေးတယ် ဆိုတယ်။ ဒီကြားထဲမှာလည်း ပူတာအိုမှာ ဆန္ဒပြတဲ့ထဲ ပါဝင်တယ်ထင်တယ်။ အဓိကတော့ အဲဒီအကြောင်းအရာတွေကြောင့်ဖြစ်မယ်လို့ ထင်တယ်။” ဟု အမည်မဖော်လိုသူ သူ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုများနေ့စဉ် ဖြစ်ပေါ်နေပြီး နေ့စဉ် ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...