ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နှလုံးရောဂါဖြင့်ကွယ်လွန်

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နှလုံးရောဂါဖြင့်ကွယ်လွန်

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဦးတဲရင့်စ်စမွိုင်းနီခွဲသည် ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းတွင် နေအိမ်၌ကွယ်လွန်သွားသည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

၎င်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရာထူးကို ဖေဖော်ဝါရီ ၃ရက်တွင် လက်ခံရယူပြီး ၈ ရက်မြောက်နေ့ မနက်ပိုင်းတွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားခြင်းဖြစ်သည်။

ဦးတဲရင့်စ်စမွိုင်းနီခွဲသည် ပြည်နယ်စီမံအုပ်ချုပ်ကောင်စီ မထမ်းဆောင်ခင် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ထမ်းဆောင်ခဲ့သေးသည်။

အသက် ၆၅ နှစ်အရွယ်ရှိပြီသည့် ဦးတဲရင့်စမွိုင်းနီခွဲသည် ငယ်စဉ်က ဖလမ်းမြို့တွင် ပညာစတင်သင်ကြားခဲ့ပြီး မိထ္ထီလာမြို့တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ဖလမ်းမြို့တို့တွင်အ လုပ်လုပ်ကိုင်ခဲ့သည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...