ဇိုလူငယ်များအားလုံး CDF-Tonzang သို့ပြန်လည်ပူးပေါင်းရန် CDF-Tonzang ဥက္ကဋ္ဌပြော

ဇိုလူငယ်များအားလုံး CDF-Tonzang သို့ပြန်လည်ပူးပေါင်းရန် CDF-Tonzang ဥက္ကဋ္ဌပြော

တပ်ဖွဲ့ဝင်ဟောင်းများအပါအဝင် ဇိုလူငယ်များအနေဖြင့် CDF-Tonzang တပ်ဖွဲ့သို့ အမြန်ဆုံးပြန်လည်ပူးပေါင်းပြီး ခွန်အားသစ်ဖြင့် ရှေ့ဆက်ကြရန် CDF-Tonzang ဥက္ကဋ္ဌ ပူးထန်ဆွမ်းမုန်ကပြောသည်။ 

တော်လှန်ရေးကာလအတွင်း အခက်အခဲများကြောင့် တပ်မှထွက်ခွါသွားသည်ကို နားလည်ပြီး လူငယ်များအနေဖြင့် အတိတ်က အဖြစ်အပျက်များကိုချန်ထားကာ လက်ရှိအချိန်တွင် အင်အားသစ်ဖြင့် ပြန်လည်ပူးပေါင်းကြရန် CDF-Tonzang ဥက္ကဋ္ဌ ပူးထန်ဆွမ်းမုန်က ဇွန်လ ၁၀ ရက်နေ့က အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ 

“ ကမ္ဘာအရပ်ရပ်ကို ရောက်နေကြတဲ့ ကျွန်တော်တို့ CDF-Tonzang က ရဲဘော်ညီကိုမောင်နှမတွေအားလုံး အမြန်ဆုံး ပြန်လာပြီး ပူးပေါင်းကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အရင်ကကိစ္စတွေကို ထားခဲ့ပြီး အင်အားသစ်နဲ့ပဲ ရှေ့ဆက် ကြရအောင်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

တွန်းဇံမြို့ကို ZRA နှင့် စစ်တပ်တို့က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာသောကြောင့် ခေတ္တလက်လွှတ်လိုက်ရခြင်း သာဖြစ်ပြီး မကြာမီအချိန်အတွင်း တွန်းဇံမြို့ကို မလွဲမသွေ ပြန်လည်သိမ်းပိုက်မယ်လို့လည်းဖော်ပြထားသည်။ 

ပြည်သူလူထုအနေဖြင့်လည်း အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ရာတွင် အချိန်ကာလတစ်ခု လိုအပ်မည်ဖြစ်သော်လည်း စိတ်ဓာတ်မကျရန်နှင့် တော်လှန်ရေးအပေါ် ယုံကြည်ချက်ထားရှိရန်တိုက်တွန်းထားသည်။

လက်ရှိတွင် တွန်းဇံမြို့သို့ ဒေသအသီးသီးမှ စစ်ဘေးရှောင်ပြည်သူများအချို့ နေရပ်ပြန်ကြသည်ဟု သိရသော်လည်း အများစုမှာမူ နေရပ်မပြန်ရဲကြသေးကြောင်းသိရသည်။ 

တွန်းဇံမြို့ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ် မေလက သိမ်းပိုက် ထိန်းချုပ်ပြီး နယ်မြေခံတပ်ဖွဲ့ဖြစ်သော CDF-Tonzang က ပြည်သူ့အုပ်ချုပ်ရေး ယန္တရားနှင့် ဝန်ဆောင်မှုများကို ၂ နှစ်နီးပါးကြာ အကောင် အထည်ဖော် ဆောင်ရွက် နေစဉ် ZRA – EC နှင့် အာဏာသိမ်းစစ်တပ်တိုက မေလ ၁၉ ရက်နေ့မှာ ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...
August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...