ဖလမ်းမြို့ရောက်ကျောင်းဆရာတစ်ဦး နေအိမ်အတွင်း သေဆုံး

ဖလမ်းမြို့ရောက်ကျောင်းဆရာတစ်ဦး နေအိမ်အတွင်း သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို နေရပ်ပြန်ရောက်တာ မကြာသေးတဲ့ ကျောင်းဆရာတစ်ဦးကို ဇွန်လ (၇)ရက်နေ့ နေ့လယ်လောက်မှာ သူ့ရဲ့နေအိမ်အတွင်း သေဆုံးလျက် ခန္ဓာကိုယ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက “အရက်သောက်တာများသွားလို့ ဆုံးသွားတာဖြစ်ဖို့များတယ်လို့ ထင်နေကြတယ်။ အခုဆုံးသွားတဲ့သူက ကျောင်းဆရာလို့ပြောတယ်။ ဖလမ်းကို ပြန်ရောက်လာတာလည်း မကြာသေးဘူးနဲ့တူတယ်။ သူ့အလောင်းကို မနေ့ နေ့လယ်လောက်မှာတွေ့တာဖြစ်တယ်။ သူသေဆုံးတဲ့ရက်အတိအကျတော့ မသိရဘူး။ ဆုံးသွားတာ ၁ , ၂ , ၃ ရက်ကြာသွားတာလည်း ဖြစ်နိုင်တယ်။ သေဆုံးတဲ့အချိန်မှာတော့ နေအိမ်မှာ သူတစ်ယောက်တည်း ရှိတယ်နဲ့တူတယ်” လို့ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ကျောင်းဆရာ U Kim Za Piang ဟာ အိန္ဒိယ - မြန်မာနယ်စပ် ဇိုခေါဒါရ် ဘက်ကနေ ဖမ်းလမ်းမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကမှ ရောက်ရှိလာတာဖြစ်ပြီး ရောက်ပြီး ရက်ပိုင်းအတွင်းမှာဘဲ ဖလမ်းမြို့ ၊ ဖာရ်ထောက်ရပ်ကွက်က နေအိမ်တစ်လုံးမှာ သေဆုံးလျက် ရှိတာကို ဒေသခံတွေက တွေ့ကြတာလည်းဖြစ်ပါတယ်။

ကွန်လွန်သွားတဲ့ U Kim Za Piang ရဲ့ ရုပ်အလောင်းကို ၎င်းရဲ့ ဇာတိကျေးရွာဖြစ်တဲ့ Bualkhua ကျေးရွာကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ၊ ဝန်ထမ်းမိသားစုတွေ ရာချီဟာ ဖလမ်းမြို့ကို ပြန်လည်အခြေချလာကြတာဖြစ်ပြီး ရုံးတွေ ကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည် ဖွင့်လှစ်နေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...