စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေက နေအိမ်ကို စစ်အစိုးရ ချိပ်ပိတ်

စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေက နေအိမ်ကို စစ်အစိုးရ ချိပ်ပိတ်

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း သိရသည်။

ဇွန်လ ၈ ရက်၊ ညနေ ၆ နာရီတွင် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်ရှိ နေအိမ်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လာရောက်ချိပ်ပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်က DMG ကို ပြောသည်။

စာရေးဆရာလည်းဖြစ် ပရဟိတသမားလည်းဖြစ်သူ ကိုဝေဟင်အောင်သည် ရခိုင်ဒေသအတွင်းက စစ်ဘေးရှောင်အရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွင် ခိုလှုံနေသည်။

လက်ရှိတွင် စစ်တွေမြို့သည် ရခိုင်မြောက်ပိုင်း၌ စစ်အစိုးရထိန်ချုပ်ထားသည့် တစ်ခုတည်းသော မြို့ဖြစ်ပြီး ဒေသခံများကို ဖမ်းဆီးခြင်းများကို မကြာခဏလုပ်နေသည်။

စာရေးဆရာ ဝေဟင်အောင်သည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။

ယင်းအပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ရသေ့တောင်မြို့၌ ကျင်းပခဲ့သည့် (၂၃၃) ကြိမ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့ စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုကြောင့် ဒေါက်တာ အေးမောင်နှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နှင့် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားစေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ၂၀၁၉ မတ်လတွင် ထောင်ဒဏ် (၂၀) နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် စစ်ခေါင်းဆောင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ယခုအခါ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေမှ စစ်ဘေးရှောင်များနှင့် လူမှုရေးအခက်အခဲရှိသူများကို အကူအညီပေးနေသူလည်းဖြစ်သည်။

Screen Short (APV) / ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အမြဲတမ်းအတွင်းဝန်ရုံး ဒုတိယညွှန်ကြားရေး မှူး ဒေါ်မြဇံဝေ။
September 22, 2026
ရခိုင်ပြည်အရေး သတင်းများကို ရေးသားနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများအနေဖြင့် သတင်း မှန်ကန် မှု...
အပေါက်ဝကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ပျက်စီးသွားသည်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် တွေ့ရစဉ်။ / DMG
September 22, 2026
ကုလားတန်မြစ် ကမ်းပါးပြိုကျမှုကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ အိမ်ထောင်စု ၃၀ ကျော်၊...
စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...