ဒီးမော့ဆိုအရှေ့ခြမ်းမှာ မသန်စွမ်းသူများအဖွဲ့ ဖွဲ့စည်း

ဒီးမော့ဆိုအရှေ့ခြမ်းမှာ မသန်စွမ်းသူများအဖွဲ့ ဖွဲ့စည်း

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့် တန်းတူအခွင့်အရေး ဖော်ဆောင်ရေးအတွက် ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ မသန်စွမ်းသူများ အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

" မသန်စွမ်းသူများရဲ့ ဘဝမြင့်တင်ရေး ၊ မသန်စွမ်းသူများ တစ်ယောက်နဲ့ တစ်ယောက် ဖေးမဖို့နဲ့ လူမှုရေးအရ အပြန်အလှန် အားကိုးနိုင်ဖို့ ၊ မသန်စွမ်းသူများ လုပ်ငန်းရှိလာအောင် စီစဉ်သွားပေးဖို့ ၊ မသန်စွမ်းသူများ လူ့အဖွဲ့အစည်းမှာ တန်းတူ အခွင့်အရေးရနိုင်ဖို့ ဖြစ်ပါတယ်။" လို့ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး အဖွဲ့ ဥက္ကဋ္ဌ ဦးသားဝါးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

မသန်စွမ်းသူများအဖွဲ့ကို မဖွဲ့စည်းခင် မသန်စွမ်းသူများ မိသားစုဝင်တချို့နဲ့ အရင်တွေ့ဆုံခဲ့သလို သင်တန်း ၂ ကြိမ် ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဖွဲ့ကို အလုပ်အမှုဆောင် ၅ ဦးနဲ့ အဖွဲ့ဝင် ၆ ဦး စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

အခြေအနေအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်လာတာ ၊ မွေးရာပါမသန်စွမ်းတာ၊ မတော်တဆထိခိုက်မှုတွေ နဲ့ ပဋိပက္ခအခြေအနေတွေကြောင့် မသန်စွမ်းဖြစ်လာသူတွေက ပိုတိုးလာတယ်လို့ ဆိုပါတယ်။

လက်ရှိ ဖွဲ့စည်းလိုက်တဲ့ မသန်စွမ်းများ အဖွဲ့ကနေ ၂၀၂၆ ခုနှစ်အတွင်း မသန်စွမ်းသူတွေကို စိတ်ခွန်အားဆိုင်ရာ သင်တန်းပို့ချတာ၊ အခမ်းအနား၊ အားကစားကျင်းပတာတွေ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

လာမည့် နှစ်တွေမှာတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ မသန်စွမ်းတွေအတွက် ခြေတုလက်တု ထုတ်လုပ်ပေးနိုင်တဲ့အထိ စီစဉ်ဆောင်ရွက်သွားမယ်လို့ အဖွဲ့ ဥက္ကဋ္ဌ ဦးသာဝါးက ပြောပါတယ်။

ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ကိုလည်း ရေရှည်အတွက် စီမံထားသလို လိုအပ်ချက်တွေ များနိုင်တာကြောင့် လူအင်အား၊ ပညာရေးအင်အား၊ ငွေအင်အား အဖက်ဖက်ကနေ အတူတကွ ပူးပေါင်း ပါဝင်နိုင်မည့်သူတွေကိုလည်း ဖိတ်ခေါ်လိုကြောင်း အဖွဲ့ ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...