KNDP ကို အာဏာသိမ်းအစိုးရ အဖွဲ့တွင်ပါဝင်ရန် ကမ်းလှမ်းထား၊ ပါဝင်မည့်သူကို ပါတီတာဝန်က ရပ်ဆိုင်းမည်

KNDP ကို အာဏာသိမ်းအစိုးရ အဖွဲ့တွင်ပါဝင်ရန် ကမ်းလှမ်းထား၊ ပါဝင်မည့်သူကို ပါတီတာဝန်က ရပ်ဆိုင်းမည်

စောထွန်းလင်း — ကရင်ပြည်နယ် အခြေစိုက်၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ကို နိုင်ငံတော်စီမံခန့်ခွဲမှု ကောင်စီ၌ အစိုးရအဖွဲ့ဝင်တစ်နေရာ ပါဝင်ရန် ကမ်းလှမ်းထားပြီး ပါဝင်မည့်သူကို ပါတီတာဝန်မှ ရပ် ဆိုင်းသွားရန်ရှိသည်ဟု ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် ပြောသည်။

“တနေ့က ကမ်းလှမ်းလာပါတယ်။ ပြည်ထောင်စုအဆင့်လား၊ ပြည်နယ်အဆင့်လားတော့မသိဘူး။ ပါတီထဲမှာ ပြန်ဆွေးနွေးတယ်။ ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာ နှစ်ခုကို ကျနော် ချပြလိုက်တယ်။ အဖက်ဖက်က စဉ်းစားပြီး တကယ်လို့ ပါသွားရင် ပါတဲ့သူကို ပါတီတာဝန်က ရပ်ဆိုင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ယခုလို ကမ်းလှမ်းမှုကို ပါတီအနေဖြင့် ဆွေးနွေးရာတွင် (KNU Concerned Group) က ထုတ်ပြန် ထားချက်များ၊ ကရင်လူကြီးအချို့ပါဝင်မှုအပေါ် ကရင်လူငယ်များနှင့် ကရင်ပြည်သူများ၏ ဆိုးဝါးစွာ ဝေဖန်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း၊ အခြားတဖက်တွင်မူ အစိုးရအဖွဲ့တွင် တိုင်းသားများကိုနေရာပေးပြီး တစ်နှစ်ပြီးနောက် ရွေးကောက်ပွဲ ပြန်ကျင်းပမည့် အခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ပြီးနောက် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KNDP ထံမှ သိရသည်။

KNDP သည် ပြည်နယ်အခြေစိုက်ပါတီ သုံးခုနှင့် ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီဝင်အချို့ ပေါင်းစည်း တည်ထောင်ထားသည့် ပါတီဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်၌ တစ်နေရာမှ အနိုင် မရသော်လည်း နေရာအများစုတွင် ဒုတိယ မဲအများဆုံးရသည့်ပါတီဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ တပ်ချုပ်နှင့် သွားတွေ့သည့် ၃၄ ပါတီတွင်ပါဝင် ခဲ့သည့်အတွက် ထိုစဉ်က ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရပြီး၊ ထိုသို့ ပါတီနာယက တစ်ဦး တပ်ချုပ်နှင့် သွားတွေ့ခြင်းသည် ပါတီ ဗဟို အလုပ်အမှုဆောင်သဘောထားမဟုတ်ကြောင်း ထိုစဉ်က ပါတီတာဝန်ရှိသူ များက ပြန်လည်ရှင်း လင်းထားသည်။

July 13, 2026
မောင်ကျော်စွာ — မင်းအောင်လှိုင်အစိုးရ၏ ‘ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်း’...
July 10, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒူးသထူ(သထုံ)ခရိုင်) အတွင်း...
July 10, 2026
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အကောင်အထည်ဖော်နေသည့် ရက် ၁၀၀...
July 9, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့် စစ်အုပ်စု...