ဖလူး-မင်းလက်ပံဘက် တက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာ

ဖလူး-မင်းလက်ပံဘက် တက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာ

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့် စစ်အုပ်စု စစ်ကြောင်းကို ဇူလိုင်လ ၉ ရက် (ယနေ့) နံနက်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အကျအဆုံးများစွာဖြင့် နောက်ပြန်ဆုတ်ခွာသွားခဲ့သည်။

နံနက် ၈ နာရီခန့်က လေးကေကော်မြို့ အနောက်ဘက် ကျောက်တောင်ကြော၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ဘက်မှ လက်ခတ်တောင်ဗျူဟာကုန်းက လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ KNLA တပ်ဖွဲ့ဝင်တစ်ဦးက “လေးကေကော်အနောက်ဘက်က ရပ်တော်မူဘုရား ကုန်း ကျောက်တောင်ကြောမှာ စစ်တပ်ကွန်မန်ဒိုစစ်ကြောင်းနဲ့ ပစ်ကြတာရှိတယ်။ ထိတာ၊ ကျတာများတော့ ပြန်ဆုတ်သွားပြီ။ လက်နက်ကြီးကတော့ လက်ခတ်တောင်စစ်တပ်က ပစ်ကူပေးတာ ရှိနေသေးတယ်” ဟု ပြောသည်။

အလားတူ မင်းလက်ပံနှင့် ဖလူးရွာဘက်သို့ တက်လာသည့် စစ်ကြောင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်သားသစ်များ အပါအဝင် ၃၀ ခန့် ထိခိုက်သေဆုံးခဲ့သည်။

ဖလူးဒေသရှိ စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက “ဖလူးသင်္ချိုင်းလမ်းဘက်ကနေ စစ်သားသစ်လေးတွေ တက်လာတယ်၊ ရဲတွေလည်းပါတယ်။ KNLA တပ်တွေနဲ့ ပစ်ကြတော့ ကျကုန်တာရော၊ ထိကုန်တာရော ၃၀ ဝန်းကျင်ရှိတယ်။ လူတွေကို နောက်တန်းပြန်သယ်ပြီးတော့ တိုက်ပွဲရပ်သွားတယ်” ဟု ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့၊ မွန်းလွဲပိုင်းအထိ စစ်အုပ်စုသည် လက်ခတ်တောင်၊ ခလရ-၂၇၅ နှင့် KK Park ဂိုဏ်းဟောင်း နေရာများမှ လက်နက်ကြီးများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်အချို့မှာ ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲ့ကိုကင်း ကျေးရွာ ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုသို့ ကျည်ကျရောက်မှုများကြောင့် ထိုင်းစစ်တပ်က လုံခြုံရေးကို တိုးမြှင့်စောင့်ကြည့်နေပြီး မဲ့ကိုကင်းရွာရှိ စာသင်ကျောင်းများကို ယာယီပိတ်ထားရသည်။

လက်ရှိတွင် ကျောင်းသားများ၏ ပညာသင်ကြားမှုကို ကျေးရွာခန်းမ၊ ဘုန်းကြီးကျောင်းနှင့် ဖွံ့ဖြိုးရေးစင်တာများ သို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးထားရကြောင်း ဒေသခံများက ပြောသည်။

Most read this week

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...