လွိုင်ကော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းအားလုံးကို Covid 19 ကာကွယ်ဆေးစတင်ထိုးနှံပေး

လွိုင်ကော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းအားလုံးကို Covid 19 ကာကွယ်ဆေးစတင်ထိုးနှံပေး

လွိုင်ကော်မြို့နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ COVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလိုက်ပြီဖြစ်ပါတယ်။

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ထိုးနှံပေးနေတာဖြစ်ပြီးတော့ လူဦးရေ ၂၀၀ ကျော်ကိုထိုးနှံပေးတယ်လို့ ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံတာကို ဦးစားပေးအဆင့်အနေနဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်နယ်အစိုးရရုံးအဖွဲ့က ဝန်ကြီးချုပ်၊ ဝန်ကြီး တွေကို ထိုးပေးသွားမယ်လို့ ဒေါက်တာ ဌေးလွင်ကပြောပါတယ်။

“အခု ပထမဆုံးရောက်တဲ့ ကာကွယ်ဆေးအသုတ်သည် ဆရာတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးလက်အောက်မှာရှိတဲ့ ဆေးရုံမှာအလုပ်လုပ်နေတဲ့ဆရာဝန်တွေ သူနာပြုတွေ ပြည်သူ့ကျန်းမာရေးမှူးဌာနမှာလုပ်နေတဲ့ ဆရာဝန်တွေ သူနာပြုတွေ ပထမဆုံး ကျန်းမာရေးတွေကို ဦးစားပေးထိုးမယ်။ ထိုးတဲ့အခါ ဘယ်သူတွေပါမလဲဆိုရင်တော့ သူနာပြုသင်တန်းကျောင်းး၊ FDA၊ တိုင်းရင်းဆေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အားကာသိပ္ပံ အဲ့မှာရှိနေသူအားလုံး ဆရာတို့လျာထားချက်က ပြည်နယ်အစိုးရရုံးက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အဲဒါတွေကို ပထမသုတ်အနေနဲ့ ဆေးရောက်လာတယ်” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။

မြို့နယ်အသီးသီးမှာရှိတဲ့ ကျန်းမာရေးမှူး၊ ဆရာဝန်၊ ဆရာမတွေကို နောက်ရက်တွေမှာ ဆက်လက်ထိုးနှံပေးသွားမှာဖြစ်သလို အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထိုးဖို့ လျာထားတယ်လို့ သိရပါတယ်။

ဒီနေ့မနက် (၈း၃၀)အချိန်မှာ ကိုဗစ်ကာကွယ်ဆေးက လွိုင်ကော်လေဆိပ်ကိုရောက်ရှိလာခဲ့တာပါ။

အဲဒီမှတဆင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံးမှာ ထားရှိပြီး မြို့နယ်အလိုက် ကျန်းမာရေးဌာနတွေကနေ ကာကွယ် ဆေးကို လာရောက်ထုတ်ယူတယ်လို့ သိရပါတယ်။

ကာကွယ်ဆေးကို ၂ကြိမ်ထိုးရမှာဖြစ်ပြီးတော့ ကြားမှာ ၄ပတ်ခြားထားရမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာခံစားရပါက ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြသဖို့ နိုးဆော်ထားပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီးတော့ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွေကနေ ရပ်ကျေးတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးမယ့်သူ စာရင်း ကောက်ယူနေတယ်လို့သိရပါတယ်။

အားလုံးကို တစ်ပြိုက်နက်တည်းထိုးပေးမှာမဟုတ်ဘဲ ရောက်လာတဲ့ဆေးပေါ်မူတည်ပြီး ညွှန်ကြားထားတဲ့စာရင်းတွေကို ထိုးပေးမှာဖြစ်တယ်လို့ သိရပါတယ်။

July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...