လီဆူးတိုင်းရင်းသားတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာကို ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်မည်

လီဆူးတိုင်းရင်းသားတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာကို ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်မည်

စိုးထိုက်အောင် — ကယားပြည်နယ် လွိုင်ကော်မြို့နယ်က လီဆူးတိုင်းရင်းသားတွေနေထိုင်တဲ့ အိုင်စန့်ကျေးရွာမှာ ခရီးသွားလုပ်ငန်းဖော်ဆောင်သွားဖို့ရှိတယ်လို့ ဟော်တယ်နဲ့ခရီးသွားလမ်းညွှန်မှုဦးစီးဌာန ကယားပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် ကပြောပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကယားလူမျိုးမဟုတ်ဘူး။ လီဆူးတွေဖြစ်တယ်။ ဒါပေမယ့် လီဆူးဖြစ်ပေမယ့်လဲ ကျနော်တို့က ကိုယ့်ကယားပြည်နယ်မှာနေတဲ့ တိုင်းရင်းသားသည် တိုင်းရင်းသားပါပဲ။ အဲ့ကြောင့်မလို့ ကျနော်တို့က ကျနော်တို့ဝန်ကြီးဌာနရဲ့အသိအမှတ်ပြုတဲ့ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(CBT) ဆိုတာလဲ ကျနော်တို့ကအစိုးရဌာနက အသိအမှတ်ပြုမှ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(CBT) ဆိုတာလုပ်လို့ရတာလေ။ ဒါကြောင့်မလို့ ကျနော်တို့ဝန်ကြီးဌာနကနေ အခုကွင်းဆင်းတယ်၊ ကွင်းဆင်းပြီးရင် ကျနော်တို့ ဆက်လက်ဆောင်ရွက်ပေးရမယ်။”လို့ ဦးလင်းဇော်ထွဋ်က ပြောပါတယ်။

၂၀၂၁ ၊ ဇန်နဝါရီလ ၂ရက်နေ့မှာ ဟော်တယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ဖို့အတွက် အိုင်စန့်ကျေးရွာကို ကွင်းဆင်းကြည့်ရှုခဲ့ကြပါတယ်။

အိုင်စန့်ကျေးရွာမှာဆိုရင် ၂၀၁၆-၂၀၁၇လောက်ကတည်းက နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ၊ ပြည်တွင်းက ခရီးသွားတွေပါ လာရောက်လည်ပတ်နေကြတာရှိတယ်လို့ ဆိုပါတယ်။

အိုင်စန့်ကျေးရွာက လီဆူးတိုင်းရင်းသားတွေဟာ ရိုးရာအဝတ်အထည်တွေကို ကိုယ်တိုင်ယက်လုပ်ပြီး ဝတ်ဆင်တာတွေ၊ ဘူးသီးခြောက်တွေနဲ့ ပြုလုပ်ထားတဲ့ရိုးရာ ပုလွေတွေ၊ လီဆူးမျိုးနွယ်စုတွေရဲ့ အိမ်တွေနဲ့ တခြားရိုးရာပစ္စည်းတွေများစွာရှိပါတယ်။

ကျေးရွာမှာ ခရီးသွားလုပ်ငန်းကို လာရောက်ဖော်ဆောင်ပေးရင်တော့ ကိုယ့်လူမျိုးရဲ့ ရိုးရာဓလေ့ကို ပြသခွင့်ရမှာ ဖြစ်တယ်လို့ အိုင်စန့်ကျေးရွာမှာနေထိုင်တဲ့ မအားမီကပြောပါတယ်။

“ ဘယ်လိုသဘောထားရလဲဆိုတော့ ကောင်းတာပေါ့။ ကိုယ့်ရဲ့ရိုးရာတွေ၊ ကိုယ့်ရဲ့ဓလေ့တွေကို အဲ့လိုမျိုးပြသခွင့်ရမယ်ဆိုတာ အကောင်းတကာ့အကောင်းဆုံးပေါ့။” မအားမီ ကပြောပါတယ်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းအားဖြင့် မဖွံ့ဖြိုးသေးတဲ့ တိုင်းရင်းသားဒေသတွေက ပြည်နယ်ရဲ့ ဖွင့်ဖြိုးတိုးတက်မှု တစ်ခုအနနဲ့ ဖြစ်လာမှာ ဖြစ်တယ်လို့ ဟော်တယ်နဲ့ခရီးသွားလမ်းညွှန်မှုဦးစီးဌာန ကယားပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် ကပြောပါတယ်။

“ အိုင်စန့်ကျေးရွာဆိုရင် လမ်းမကောင်းဘူး၊ မီးတော့ရှိနေတယ်၊ ကျန်တဲ့ သူ့ရဲ့အခြေခံအဆောက်အဦးတွေ အများကြီးရှိနေတယ်။ ဒါလေးတွေကို ကျနော်တို့က ခရီးသွားလုပ်ငန်းလုပ်ခြင်းအားဖြင့် အထက်အကြီးအကဲတွေလဲ သိမယ်၊ ပြီးရင် ကျနော်တို့ရဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအနေနဲ့ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ကျနော်တို့ ဒါလေးကို ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) အနေနဲ့ဖော်ဆောင်ဖို့ လုပ်ခြင်းဖြစ်ပါတယ်။” လို့ ဦးလင်းဇော်ထွဋ်ကပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ ဟော်တယ်နဲ့ ခရီးသွားလမ်းညွှန်မှုဦးစီးဌာနကနေ ကယန်းလူမျိုးတွေနေထိုင်ကြတဲ့ ပန်ပက်ကျေးရွာ၊ ကယားလူမျိုးတွေရှိတဲ့ တနီးလာလဲကျေးရွာ၊ ဒေါတမကြီးကျေးရွာ၊ ကယောလူမျိုးတွေနေထိုင်ကြတဲ့ ထေခိုကျေးရွာတွေမှာ ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်ဖို့အတွက် CBT လုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်။

ဒါ့အပြင် ရှားတောမြို့နယ်မှာရှိတဲ့ ရေပူစမ်း၊ ရွာသစ်မြို့နယ်မှာရှိတဲ့ ရေတံခွန်နဲ့ ရှေးဟောင်းဘုရားကျောင်းတွေကို ဟော်တယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကွင်းဆင်းကြည့်ရှုထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...