ဘီလူးချောင်းပြန်လည်ထိန်းသိမ်းမယ့်ဌာန ပေါ်ပေါက်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး အဆိုမေးခွန်းတင်ပြရန်စီစဉ်ထား

ဘီလူးချောင်းပြန်လည်ထိန်းသိမ်းမယ့်ဌာန ပေါ်ပေါက်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး အဆိုမေးခွန်းတင်ပြရန်စီစဉ်ထား

ကန္တာရဝတီတိုင်း(မ်) — လွိုင်ကော်မြို့အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဌာနတစ်ခုပေါ်ပေါက်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး လာမယ့် ဒီဇင်ဘာလ ၂၃ရက်နေ့မှာကျင်းပမယ့် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အဆိုအနေနဲ့ တင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဘီလူးချောင်းရေကို သုံးစွဲနေတဲ့ ဌာနဆိုင်ရာအသီးသီးရှိနေပေမယ့် ပြည်နယ်မှာ ပြန်လည်ထိန်းသိမ်းရေးဌာနမရှိတဲ့အတွက် ဘီလူးချောင်းနဲ့ပတ်သက်တဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ရက်နေ့က ကယားပြည်နယ်လွှတ်တော် ရေးရာကော်မတီခန်းမမှာ အစိုးရဌာနဆိုင်ရာ၊ အရပ်ဖက်အဖွဲ့အစည်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကော်မတီမှ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးတေဇာဝင်းထွန်းက “ဒါကြီးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့အတွက် တာဝန်ရှိပါတယ် အဲဒီအတွက်ကြောင့်မို့ အစည်းအဝေးလုပ်တယ်။ ဘာတွေ တွေ့ခဲ့ရလဲဆိုရင် ဘီလူးချောင်းကြီးကို သုံးစွဲနေတဲ့ ဌာနဆိုင်ရာတွေရှိတယ်။ ရေအရင်းအမြစ်တို့ ဆည်မြောင်းတို့ ရေကိုစုပ်တယ် စုပ်ပြီးတော့ လယ်တွေပေါ့ စိုက်ပျိုးမြေကိုသုံးတယ်။ လျှပ်စစ်ဆိုရင်လည်း ဒီရေနဲ့ပဲ လျှပ်စစ်စွမ်းအင်တွေကို ထုတ်တယ်ပေါ့။ စည်ပင်ဆိုရင်လည်း ဒီရေကိုယူတယ်ပေါ့ စည်ပင်ဖြန့်ချီသုံးစွဲတယ်။ ဒီချောင်းကိုသာ သုံးသွားတယ် ပြန်ထိန်းသိမ်းမယ့်ဌာနဆိုတာ ကျတော်တို့ပြည်နယ်မှာမရှိသေးဘူး။ အဓိက ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများအင်းအိုင်စောင့်ရှောက်ရေး ဝန်ကြီးဌာနဆိုတာရှိပါတယ် နေပြည်တော်မှာပဲရှိတယ်။ ကျတော်တို့ပြည်နယ်မှာ ဝန်ကြီးဌာနတစ်ခုအနေနဲ့ ထားရှိပြီးတော့ ဒီမြစ်ကို ဒီချောင်းကို ထိန်းသိမ်းမယ်ဆို ပိုပြီးတော့ အဆင်ပြေတယ်။ အဓိက အနေနဲ့တွေ့ရတယ်” လို့ ဆိုပါတယ်။

မြစ်ချောင်းအင်းအိုင်ထိန်းသိမ်းရေးဦးစီးဌာနရှိသော်လည်း ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ဌာနမရှိတဲ့အတွက် ဘီလူးချောင်းထိန်းသိမ်းရေးအတွက် အစိုးရဌာနဆိုင်ရာ၊ အရပ်ဖက်အဖွဲ့အစည်း၊ ပရဟိတအဖွဲ့၊ လုပ်ငန်းရှင် တွေပူးပေါင်းပြီးတော့ အားလုံးပါဝင်နိုင်တဲ့ ကော်မတီတစ်ခုကိုဖွဲ့စည်းပြီး အမြန်ဆုံးအကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

“ဒီနေ့ဆွေးနွေးဖြစ်တဲ့အထဲမှာတော့ဘီလူးချောင်းအမှတ်(၃)ကနေ CSR ဆိုတဲ့ ငွေကြေးပေါ့ အမြတ်ပေါ့ အမြတ်ရဲ့ ၂%ကို ပြန်ပြီး လှူဒါန်းတာရှိတယ်။ ၁% ကို ပြည်ထောင်စုကိုသွင်းပြီးတော့ ကျန်တဲ့ ၁%ကိုတော့ ပြည်နယ်အစိုးရရယ် ဘီလူးချောင်းအမှတ်(၃)ပေါ့ ကုမ္ပဏီကနေပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်နေတဲ့အကြောင်း ကြားသိရတယ်။ ဒီထဲကနေပြီး ရာခိုင်နှုန်းတစ်ခုကိုလည်း ဒီကော်မတီထဲကို ထည့်မယ် ထည့်ပြီးတော့ ဘီလူူးချောင်းထိန်းသိမ်းရေးအတွက်ကို အကောင်အထည်ဖော်သွားဖို့ ဒါလေးကို ဆောင်ရွက်မယ်” လို့ ဦးတေဇာဝင်းက ဆက်ပြောပါတယ်။

လောပိတရေအားလျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတာဝန်ရှိသူတွေက ပြည်ထောင်စု၏လမ်းညွှန်ချက်အတိုင်း လျှပ်စစ်ပေးဝေရေးအတွက် ရေစုဆောင်းခြင်း၊ လာမယ့်နွေရာသီမှာ ရေအလုံအလောက်ရရှိအောင် စုဆောင်းထားခြင်းကို ဆောင်ရွက်ပေးနေတယ်လို့ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။

“စက်ယန္တရားတွေမရှိဘူး ကျွမ်းကျင်တဲ့ရေလုပ်သားတွေမရှိဘူး လှေတွေမရှိဘူး မရှိတဲ့ခါကျတော့ ဘီလူးချောင်းသန့်ရှင်းရေးက ငါတို့ချည်းပဲလုပ်နေပေမယ့် တကယ်တမ်းတော့ ပြည်သူတွေနဲ့လည်းဆိုင်တယ်။ ဘာလို့ဆို ဘီလူးချောင်းတောက်လျှောက်စီးဆင်းတဲ့ရွာတွေမှာ လွိုင်ကော်မြို့တစ်မြို့ထဲပဲအမှိုက်ရှိတာမှမဟုတ်တာ တောက်လျှောက် ရွာတွေကနေစီးလာတဲ့အမှိုက်တွေလည်း နောက်ဆုံး လောပီတမှာလာခံတာပဲလေ။ အဲ့တော့ အားလုံးမှာတာဝန်ရှိတယ်။ ဒါပေမယ့် ငါတို့က ပူးပေါင်းဆောင်ရွက်ပေးမယ်” လို့ လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒုတိယညွှန်ကြားရေးမှူးဦးသန်းထွန်းက ပြောပါ

တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ လွှတ်တော်ကော်မတီတာဝန်ရှိသူတွေက ဘီလူးချောင်းတစ်လျှောက် ရေအခြေအနေ၊ လိုအပ်ချက်တွေကို ကွင်းဆင်းလေ့လာချက်အရ မြို့ဧရိယာအတွင်းမှာ အမှိုက်ပေါများနေပြီး ရေစီးဆင်းမှုမရှိတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြည်နယ်အတွင်းရှိ ပရဟိတအသင်း အစုအဖွဲ့တွေကလည်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ လွိုင်ကော်မြို့အနီး ဘီလူးချောင်းစီးဆင်းရာတစ်လျှောက် ဘီလူးချောင်းသန့်ရှင်းသာယာလှပဖို့အတွက် ချောင်းအတွင်း အမှိုက်သရိုက်တွေ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...