စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦး ဖမ်းဆီးခံရ

စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦး ဖမ်းဆီးခံရ

ထွန်းခိုင် — စစ်တွေတွင် ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA) ဗိုလ်လောင်း ၈ ဦးအား ဝမ်းနည်းဂုဏ်ပြု အမှတ်တရ ဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူ တစ်ဦးကို ယနေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ နေအိမ်ကနေ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်သွားခြင်း ခံရသူမှာ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် ဂေါက်ချီးလမ်းတွင်နေထိုင်သူ ဦးအစံမောင်ဖြစ်ကြောင်း သိရှိရသည်။

ဦးအစံမောင်၏ ဇနီးဖြစ်သူ ဒေါ်မခင်မြင့် “နေ့လယ် ၁ နာရီလောက်မှာ ရပ်တပ်ဖွဲ့ဝင်နှစ်ဦးက အရပ်ဝတ်နဲ့ လာပြီးတော့ သူ့ကို စစ်ဆေးစရာတွေရှိတယ်ဆိုပြီးတော့ ခေါ်ယူသွားတယ်။ သူ့ကတော့ အခုအမှတ် (၁) ရဲစခန်းမှာပါ။ ကျမကတော့ ၅ နာရီလောက်က ရဲစခန်းကိုသွားပြီးတော့ သူနဲ့ သွားတွေ့ပါသေးတယ်။ တွေ့ခွင့်တော့ ရပါတယ်။ သူ့ကိုဘာကြောင့် ခေါ်ယူပြီးတော့ စစ်ဆေးနေတယ် ဆိုတာကို ရဲသားတွေကလည်း ဘာတစ်ခုမှ မပြောဘူး။ ကျမယောကျ်ားကလည်း ဘာတစ်ခုမှ မပြောဘူး” ဟုပြောသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ် ဗိုလ်လောင်းသင်တန်းတွင် လက်နက်ကြီးကျည်ကျ၍ ကျဆုံးသွားခဲ့သည့် AA မှ ဗိုလ်လောင်း ၈ ဦး၏ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်လူငယ် ၃ဝ ခန့်က ယနေ့ ညနေပိုင်းက စစ်တွေမြို့ ကမ်းနားလမ်းတွင် ပြုလုပ်ခဲ့သည်။

သူ့အား စစ်ဆေးရန် ခေါ်ယူသွားခြင်းမှာ ၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့သဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်နိုင်သည်ဟု ဇနီးဖြစ်သူ ဒေါ်မခင်မြင့်က ပြောသည်။

ယမန်နေ့က ဂုဏ်ပြုပွဲတွင် ဗိုလ်လောင်းရှစ်ဦး၏ ရုပ်ပုံပါ အနက်ရောင်တီရှပ် ဆင်တူ ဝတ်ဆင်ထားသည့် လူငယ် ၃ဝ ခန့်က အာရက္ခနိုင်ငံတော်သီချင်းကို ပြိုင်တူ သီဆို၍ ဆီးမီးထွန်းကာ တစ်မိနစ်ခန့် ငြိမ်သက်ကာ အောက်မေ့ ဆုတောင်းခဲ့ကြသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...