စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦး ဖမ်းဆီးခံရ

စစ်တွေတွင် ပြုလုပ်သည့် AA ဗိုလ်လောင်း ၈ ဦး၏ အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦး ဖမ်းဆီးခံရ

ထွန်းခိုင် — စစ်တွေတွင် ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA) ဗိုလ်လောင်း ၈ ဦးအား ဝမ်းနည်းဂုဏ်ပြု အမှတ်တရ ဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သူ တစ်ဦးကို ယနေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှ နေအိမ်ကနေ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်သွားခြင်း ခံရသူမှာ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက် ဂေါက်ချီးလမ်းတွင်နေထိုင်သူ ဦးအစံမောင်ဖြစ်ကြောင်း သိရှိရသည်။

ဦးအစံမောင်၏ ဇနီးဖြစ်သူ ဒေါ်မခင်မြင့် “နေ့လယ် ၁ နာရီလောက်မှာ ရပ်တပ်ဖွဲ့ဝင်နှစ်ဦးက အရပ်ဝတ်နဲ့ လာပြီးတော့ သူ့ကို စစ်ဆေးစရာတွေရှိတယ်ဆိုပြီးတော့ ခေါ်ယူသွားတယ်။ သူ့ကတော့ အခုအမှတ် (၁) ရဲစခန်းမှာပါ။ ကျမကတော့ ၅ နာရီလောက်က ရဲစခန်းကိုသွားပြီးတော့ သူနဲ့ သွားတွေ့ပါသေးတယ်။ တွေ့ခွင့်တော့ ရပါတယ်။ သူ့ကိုဘာကြောင့် ခေါ်ယူပြီးတော့ စစ်ဆေးနေတယ် ဆိုတာကို ရဲသားတွေကလည်း ဘာတစ်ခုမှ မပြောဘူး။ ကျမယောကျ်ားကလည်း ဘာတစ်ခုမှ မပြောဘူး” ဟုပြောသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ် ဗိုလ်လောင်းသင်တန်းတွင် လက်နက်ကြီးကျည်ကျ၍ ကျဆုံးသွားခဲ့သည့် AA မှ ဗိုလ်လောင်း ၈ ဦး၏ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်လူငယ် ၃ဝ ခန့်က ယနေ့ ညနေပိုင်းက စစ်တွေမြို့ ကမ်းနားလမ်းတွင် ပြုလုပ်ခဲ့သည်။

သူ့အား စစ်ဆေးရန် ခေါ်ယူသွားခြင်းမှာ ၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့သဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်နိုင်သည်ဟု ဇနီးဖြစ်သူ ဒေါ်မခင်မြင့်က ပြောသည်။

ယမန်နေ့က ဂုဏ်ပြုပွဲတွင် ဗိုလ်လောင်းရှစ်ဦး၏ ရုပ်ပုံပါ အနက်ရောင်တီရှပ် ဆင်တူ ဝတ်ဆင်ထားသည့် လူငယ် ၃ဝ ခန့်က အာရက္ခနိုင်ငံတော်သီချင်းကို ပြိုင်တူ သီဆို၍ ဆီးမီးထွန်းကာ တစ်မိနစ်ခန့် ငြိမ်သက်ကာ အောက်မေ့ ဆုတောင်းခဲ့ကြသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...