ရခိုင်မှစစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိ

ရခိုင်မှစစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ လူဦးရေ ၁ဝဝ ကျော်နေထိုင်သည့်  သာသနာ့ဗိမ္မာန် စစ်ဘေးရှောင်စခန်းရှိ အဖွားအိုတစ်ဦးတွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေက ကိုဗစ်ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။

၎င်းအဖွားအိုမှာ အသက် ၈ဝ ကျော် ရှိနေပြီ ဖြစ်ကာ  လူဦးရေ ၁၃၈ ဦးခန့်ရှိသည့် အဆိုပါ စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေကြောင်း ကျောက်တော်မြို့နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက နိရဉ္စရာသတင်းဌာနအားပြောသည်။

“ အဲဒီအဖွားက မနေ့က ညနေမှာ ဖျားနာ၊ ရင်ကျပ်ပြီး ဆေးရုံရောက်လာလို့စစ်လိုက်တာပါ။ ၁၅ မိနစ်နဲ့ မဖြေထွက်တဲ့ စစ်ဆေးနည်းနဲ့ စစ်လိုက်တာမှာ ပိုးတွေ့တဲ့အတွက် ဒီနေ့မနက် စစ်တွေဆေးရုံကို သားဖြစ်သူနဲ့ အတူ ပို့လိုက်ပါပြီ။ စိုးရိမ်ရတယ်လို့ ပြောလို့ရတာပေါ့။ အသက်ရှူကျပ်လာတာဆိုတော့” ဟု ဆိုသည်။

သူမနှင့် အတူနေသူသားဖြစ်သူနှင့် စခန်းထဲရှိ လူ စစ်ဘေးရှောင် ၇ ဦးမှာ နှာစေး၊ ဖျားနာခြင်းများ ရှိနေသဖြင့် ၎င်းတို့၏ လည်ချောင်း၊ နှာခေါင်းတို့ဖတ်တို့အား  စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းထွန်းဦးက ပြောဆိုသည်။

စစ်ဘေးရှောင်စခန်းတွင် လူအများစုပုံနေရသည့်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ ဖျားနာနေသည့်သူများရှိသဖြင့် ၎င်းဖျားနာနေသူများနှင့် ထိတွေ့ဖူးသူများကို ဆေးစစ်ချက်များလုပ်သွားမည်ဟု သူက ဆက်ပြောသည်။

“ဖျားနာနေတဲ့ လူ ခုနစ်ယောက်ရှိနေတဲ့ အတွက် မနက်ဖြန်မှာ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တို့ ယူသွားပါမယ်။ အဲဒီစခန်းကပဲ ထိတွေ့ဖူးသူ ၇ ဦးကိုလည်း မနက်ဖြန်မှာ ဆေးစစ်ချက်ယူပါမယ်။ စစ်ဘေးရှောင် စခန်းမှာက လူအများစုနေရတဲ့ အတွက် စိုးရိမ်စရာဖြစ်တယ်။ နေရာထိုင်ခင်း ခွဲပြီး ထားဖို့ကလည်း အဆင်မပြေဘူး” ဟုပြောသည်။

၎င်း ရောဂါပိုးတွေ့ရှိသူ အဖွားအိုမှာ အောက်ဆီဂျင်ပေးရန်လိုအပ်နေသည့် အခြေအနေဖြစ်နေသည့် အတွက် စိုးရိမ်စရာအခြေအနေရှိနေကြောင်းသူကပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း ယခုကဲ့သို့ ရောဂါပိုးတွေ့လာမည်ကို အစိုးရိမ်ဆုံးဖြစ်ကြောင်းပြောသည်။

“ ဒီလိုမဖြစ်လာဖို့ ဆုတောင်းနေခဲ့တာ။ စစ်ဘေးရှောင်စခန်းမှာက စေတနာနဲ့လာကူညီတဲ့လူတွေရှိတယ်။ စေတနာနဲ့အဖွဲ့အစည်းတွေက ကယ်ဆယ်ရေးလာပေးတာတွေရှိတယ်။ ဒါတွေနဲ့ ကျွန်တော်တို့က အဝင်အထွက်ကို lockdown ချလို့မရဘူး။ ဒါတွေဖြစ်လာရင် ထိန်းချုပ်ရခက်မှာကို အစိုးရိမ်ဆုံးပါပဲ” ဟုပြောသည်။

၎င်းတို့ကျောက်တော်မြို့အပါအဝင် ရခိုင်ပြည်နယ်တွင် စစ်ဘေးကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိနေကာ ယင်းအထဲမှာအများစုမှာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများဖြစ်သည်။

ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...