မိုးညှင်းခရိုင်တွင် ပုံစံ (၃-က) မဲထည့်ရန်လျောက်ထားသော တပ် နဲ့ ရဲ အင်အား ၁ ထောင်ကျော်ရှိ

မိုးညှင်းခရိုင်တွင် ပုံစံ (၃-က) မဲထည့်ရန်လျောက်ထားသော တပ် နဲ့ ရဲ အင်အား ၁ ထောင်ကျော်ရှိ

မိုးညှင်းခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် ရက် (၉၀) နေထိုင်ကြောင်း ပုံစံ (၃-က) ဖြင့်အသစ် လာရောက်လျောက်ထားသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

မိုးညှင်းခရိုင်တစ်ခုလုံးတွင် ပုံစံ (၃-က)ဖြင့် လာရောက်လျောက်ထားသူဦးရေ ၁၆၀၀၀ ကျော်အနက် တပ်မတော်သား၊ ရဲတပ်ဖွဲ့ အင်အား ၁၃၀၀ ဦး ရှိကြောင်း ဆိုသည်။

“လက်ရှိ ၂၅ ရက်နေ့ထိ စာရင်းချုပ်ထားတာကျတော့ တပ်နဲ့ရဲ ရက်ပေါင်း ၉၀ကျော် မဲဆန္ဒနယ်ပြင်ပရောက် လျှောက်ထားတဲ့စာရင်းက တပ်မတော်သားဆိုရင် ၉၀၀ နီးပါးလောက်ရှိတယ်။ ရဲတပ်ဖွဲ့ဝင်ကလည်း ၄၀၀ နီးပါးလောက် တောင်းထားကြပြီ။ လက်ရှိချိန်ထိတော့ စာရင်းက မပိတ်သေးတဲ့ချိန်ကျတော့ အတိအကျတော့ ပြောလို့မရသေးပါဘူး။ လောလောဆယ်တော့ ၁၃၀၀လောက်ရှိနေပြီ။” ဟု မိုးညှင်းရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးမျိုးမင်းအောင်ကပြောသည်။

မိုးညှင်းခရိုင်တစ်ခုလုံးရှိ တပ်မဲဆန္ဒရှင်များစာရင်းကို သီးသန့်ကောက်ထားခြင်းမရှိသည့်အတွက် လက်ရှိ ခရိုင်တွင် တပ်မဲဆန္ဒရှင်မည်မျှရှိပြီကို မသိနိုင်ကြောင်း နှင့် ပုံစံ (၃-က) လာရောက်လျောက်ထားသည့် စာရင်းကိုသာ သိနိုင်ကြောင်း ဆိုသည်။

လက်ရှိအထိလည်း ပုံစံ (၃-က) လျောက်နေဆဲကာလဖြစ်သောကြောင့် နောက်ဆုံးစာရင်းကိုမူ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ထုတ်ပြန်သည့်အချိန်မှ သိရမည်ဖြစ်သည်။

“တပ်မဲစာရင်းက ကျနော်တို့ဆီမှာ သပ်သပ်ခွဲထားတာမရှိဘူးခင်ဗျ။ ဘာလို့မရှိလဲဆိုရင် မဲရုံအလိုက်မှာ တပ်ကို မဲစာရင်းသီးသန့်မသွားဘဲနဲ့ သက်ဆိုင်ရာတပ်တွေကလည်း ရပ်ကွက်၊ ကျေးရွာအုပ်စုမှာပါတယ်လေ။ အဲရပ်ကွက် ကျေးရွာမဲစာရင်းမှာဘဲ တစ်ခါတည်းပေါင်းထည့်တယ်။ သီးသန့်စာရင်းလုပ်မထားပါဘူးခင်ဗျ။ မဲစာရင်းကြေညာတဲ့ချိန်လည်း ကျေးရွာမဲစာရင်းမှာဘဲ တစ်ခါတည်းကြေညာပေးတယ်။ နာမည်တွေကလည်း ဗိုလ်မှူး၊ဗိုလ်ကြီးတွေမခွဲထားဘူး အားလုံးက ဦးဘယ်သူ ဒေါ်ဘယ်သူဆိုပြီးတော့ဘဲ အကုန်ပေါင်းပေးထားတယ်။” ဟု မိုးညှင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးမျိုးမင်းဦးက ပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၌ မိုးညှင်းခရိုင်တစ်ခုလုံးတွင် တပ်မတော်သားမဲဆန္ဒရှင်စာရင်း ၆၀၀၀ ကျော်ရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ သို့သော် အဆိုပါစာရင်းသည် သီးသန့်ကောက်ထားခြင်းမဟုတ်ဘဲ ကြိုတင်မဲစာရင်းပေါ်မူတည်ကာ စာရင်းပြုစုခဲ့ခြင်းသာဖြစ်သည်ဟုဆိုသည်။

လာမည့် ၂၀၂၀ တွင်လည်း တပ်မဲ သီးသန့်ကောက်ထားခြင်းမရှိသည့်အပြင် တပ်မဲရုံလည်း သီးသန့်ထားရှိခဲ့ခြင်းမရှိသည့်အတွက် အရပ်သားများနှင့်အတူသာ မဲပေးရန်စီစဉ်ထားပြီး မိုးညှင်းခရိုင်တွင် အဆို တပ်သားများ မဲပေးရမည့် မဲရုံ ၁၂ ရုံရှိသည်။

မိုးညှင်းခရိုင်တွင် လာမည့်ရွေးကောက်ပွဲ၌ မဲထည့်ရမည့် မဲဆန္ဒရှင်လူဦးရေ စုစုပေါင်း ၄၁၆၇၀၅ ဦး၊ မဲရုံပေါင်း ၂၈၀ရှိကာ လွန်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၂၆၅၁၉၁ ဦးရှိပြီး မဲရုံပေါင်း ၂၄၉ ရှိခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၂ ပါတီရှိကာ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၈၉ ဦး ရှိကြောင်း သိရသည်။

(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...
August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...