ကျောက်မဲ ပြောင်းခင်းတွင် မိုင်းပေါက်ကွဲ အမျိုးသားတဦးသေဆုံး

ကျောက်မဲ ပြောင်းခင်းတွင် မိုင်းပေါက်ကွဲ အမျိုးသားတဦးသေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်ကုန်းကျေးရွာ တွင် ယနေ့(ဇူလိုင် ၂၈)ရက်တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသားတဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၈ နေ့လည် ၁နာရီခွဲတွင် ကျောက်မဲမြို့နယ် ကျောင်းကုန်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၉ )နှစ် အရွယ် ဦးချစ်မောင်သည် ပြောင်းဖူးစိုက်ပျိုးသည့် တောင်ယာကို ရှင်းလင်းနေစဉ် မိုင်းကို တွေ့ရှိသဖြင့် ဓားဖြင့် ခေါက်ကြည့်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုနေရာတွင် သေဆုံးခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း အောင်ဓမ္မာရုံ နောင်ပိန် မှ ဦးစိုင်းနေအောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တောင်ယာရှင်းရင်း မိုင်းကိုတွေ့တော့ လက်နဲ့ကိုင်တယ်။ ဓားနဲ့ ခေါက်တယ်။ အဲ့မှာ ပေါက်ကွဲတာပဲ။ ဒဏ်ရာတွေကတော့ အရမ်းများတယ်။ အခင်းဖြစ်တဲ့နေရာမှာပဲသေဆုံးသွားတယ်” ဟု ဦးစိုင်းနေအောင်က ဆိုသည်။

ထိုဒေသတွင် နေထိုင်သည့် တောင်သူများသည် မြေမြုပ်မိုင်းနှင့် ပတ်သက်ပြီး အသိပညာမသိရှိမှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းလည်း ဦးစိုင်းနေအောင်က ပြောသည်။

“ အခုဖြစ်တဲ့နေရာက တိုက်ပွဲတော့မဖြစ်ခဲ့ဘူး။ ဒါပေမယ့် အရင် က အဲ့နေရာ ကတောပါ။ သူုတို့က အဲ့တောကို ရှင်းပြီး ရွှေ့ပြောင်းတောင်ယာ လုပ်ကြတာပါ” ဟု ဦးစိုင်းနေအောင်က ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားဦးချစ်မောင် ရုပ်အလောင်းကို နောင်ပိန် တိုက်နယ် ဆေးရုံ မော်ကျူရီ တွင် ပို့ဆောင်ပေးထားကြောင်း သိရသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် (SSPPSSA)၊ နှင့် အစိုးရတပ်မတော်တို့လှုပ်ရှားသည့်နေရာလည်းဖြစ်ကြောင်း သိရသည်။

March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...
February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...
February 27, 2026
ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ်...