မော်လမြိုင်တွင် COVID-19 စစ်ဆေးနိုင်တော့မည်

မော်လမြိုင်တွင် COVID-19 စစ်ဆေးနိုင်တော့မည်

မွန်ပြည်နယ် မော်လမြိုင်တွင် COVID-19 ရောဂါပိုး ရှိ မရှိကို ဇွန်လ ၄ ရက်နေ့မှစပြီး စစ်ဆေးနိုင်တော့မည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြောသည်။

မွန်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဇီဝ လုံခြုံရေးအဆင့် ၃ ရှိ ဓာတ်ခွဲခန်းကို COVID-19 ရောဂါပိုး ဓာတ်ခွဲခန်းအဖြစ် အသုံးပြု စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန မှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည် က “အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ တစ်ပတ်မှာ ၃ ရက် စစ်ဆေးသွားမယ်။ ခန့်မှန်းခြေက စ စချင်းတော့ (တရက်ကို) ၉၀ လောက်နဲ့ စမယ်။  နောက်ကျလို့ရှိရင် တစ်ရက်ကို ၂၈၀ လောက် စစ်ဆေးနိုင်မယ်လို့တော့ ခန့်မှန်းတွက်ချက်ထားတယ်” ဟု  ပြောသည်။

ဓာတ်ခွဲခန်း ဝန်ထမ်းလိုအပ်ချက်ကြောင့် ယခုထက်ပို၍ စစ်ဆေးနိုင်ဦးမည် မဟုတ်ကြောင်း  ဒေါက်တာ ထွန်းအောင်ကြည် က ပြောသည်။

အစပိုင်းတွင် မွန်ပြည်နယ်က သီးခြား စောင့်ကြည့်မှု ပြုလုပ်နေသူများကိုသာ စစ်ဆေးမှုများ ပြုလုပ် သွားမည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။ မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ COVID-19 သီးခြား  စောင့်ကြည့်မှုပြုလုပ်နေသူများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်ထားသော်လည်း အစပိုင်းတွင် စစ်ဆေးနိုင်အုံး မည်မဟုတ်ဟု သိရသည်။

COVID-19 ရောဂါပိုး စစ်ဆေးသည့် ဓာတ်ခွဲခန်းအတွက် လက်ရှိဝန်ထမ်း လေးဦးသာ ရှိသေးပြီး စေတနာ့ ဝန်ထမ်းများ ခေါ် ယူရန် စီစဉ်ထားသည်ဟု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ တာဝန်ခံ  ဒေါက်တာနီနီ ဟန် က ပြောသည်။

“အဲဒါကြောင့်မို့ volunteer ခေါ်ထားပါတယ်။ volunteer အနေနဲ့က ရန်ကုန်က ဓာတ်ခွဲကျွမ်းကျင် ၂ က ၂ ယောက်နဲ့ ဒီမွန်ပြည်နယ်မှာရှိတဲ့ ဓာတ်ခွဲကျွမ်းကျင် ၄ ပေါ့ အဲ့ဒီကနေ ၃ ယောက် လာဖို့ရှိပါ တယ်။  နောက်တစ်ခုက data management နဲ့ သန့်ရှင်းရေးဝန်ထမ်းတွေလည်း လာကူညီဖို့ရှိပါတယ်။”

မွန်ပြည်နယ် ဇွန်လ ၁ ရက်နေ့အထိ COVID-19 ရောဂါပိုး ရှိ မရှိ ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့သူ စုစုပေါင် ၁၁၄၆ ဦး ရှိပြီး လူနာအမှတ် ၂၇ တစ်ဦးတွင် သာ ပိုးတွေ့ရှိခဲ့သည်။ 

May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...