မြစ်ကြီးနားမြို့ လျှပ်စစ်ဓာတ်အား အခမဲ့ ပေးရန် အစီအစဉ် မရှိသေး

မြစ်ကြီးနားမြို့ လျှပ်စစ်ဓာတ်အား အခမဲ့ ပေးရန် အစီအစဉ် မရှိသေး

ဂျာဒွဲ - ရန်ကုန်မြို့တွင် ဧပြီလကုန်အထိ လျှပ်စစ်ဓာတ်အား ၁၅၀ယူနစ်အထိ အခမဲ့ပေးရန် ဆောင်ရွက်နေပြီဖြစ်သော်လည်း မြစ်ကြီးနားမြို့တွင်မူ ယင်းအစီအစဥ်မရှိသေးကြောင်း ဘူးဂါးကုမ္ပဏီလီမိတက် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းထံမှ သိရသည်။

ယင်းညွှန်ကြားချက်သည် သမ္မတရုံးမှသာဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကုမ္ပဏီသို့ ညွှန်ကြားလာမှသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဖြန့်ဖြူးရေး အထွေထွေမန်နေဂျာ ဦးလအောင်က ပြောသည်။

"ကျွန်တော်တို့က မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကဖြစ်တဲ့အတွက် အဲဒီက ညွှန်ကြားချက် ထွက်လာမှသာ ညွှန်ကြားချက်အတိုင်း သွားမှာပါ”ဟု ဦးလအောင်က ပြောသည်။

ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါ) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု (၁၅၀) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဟု အစိုးရက ဧပြီလ ၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...