တရုတ်ပြန် ဖျားနာသူတစ်ဦးကို မောင်တောဆေးရုံ စောင့်ကြည့်

တရုတ်ပြန် ဖျားနာသူတစ်ဦးကို မောင်တောဆေးရုံ စောင့်ကြည့်

ဝံသ(မောင်တော)  - မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူနေသော တရုတ်နိုင်ငံမှ ပြန်လာသည့် ဖျားနာသူတစ်ဦးကို ပြင်ပလူနာအနေဖြင့် စောင့်ကြည့်နေသည်ဟု မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

၎င်းသည် မောင်တောမြို့နယ်၊ ကံသာယာ အထက်ကျေးရွာမှဖြစ်ပြီး တရုတ်နိုင်ငံမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က မောင်တောသို့ရောက်ရှိသည်။ ယင်းနောက် ဖျားနာနေသောကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆေးရုံသို့ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

“ရောဂါလက္ခဏာ ဘာမှမတွေ့ရပါဘူး။ သာမန်ရာသီပေါ် တုတ်ကွေးဖျားတဲ့သူဖြစ်တယ်။ ဒါပေမဲ့ သူက တရုတ်ကပြန်လာသူတစ်ယောက်ဖြစ်နေတယ်။ ဖျားလည်းဖျားနေတယ်ဆိုတော့ ပြင်ပလူနာအနေနဲ့ စောင့်ကြည့်နေပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း ကပြောသည်။

၎င်းသည် မိတ်ဆွေတစ်ဦးနှင့်အတူ မူဆယ်လမ်းကြောင်းအတိုင်း ဝင်ရောက်လာခြင်းဖြစ်ပြီး မိမိကျေးရွာသို့ ရောက်ရှိမှသာလျှင် ဖျားနာခြင်းဟု ဒေသခံများထံက သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...