မောင်တောက အဓမ္မကျင့် အလောင်းဖျောက်မှုတွင် ဖမ်းဆီးခံရသူ ပြန်လွတ်လာ၍ နစ်နာသူများ မကျေနပ်

မောင်တောက အဓမ္မကျင့် အလောင်းဖျောက်မှုတွင် ဖမ်းဆီးခံရသူ ပြန်လွတ်လာ၍ နစ်နာသူများ မကျေနပ်
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။

အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၁၆ နှစ် အရွယ် ယောက်ျားလေး တစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းဖျောက်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသူတစ်ဦး ပြန်လွတ်လာသည့်အပေါ် နစ်နာသူများက မကျေနပ် ဖြစ်နေကြသည်။

အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နေ့လယ် ၂ နာရီကျော်တွင် တစ်ရွာတည်းနေ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးက ၎င်း၏ အိမ်သို့ ခေါ်သွားပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်။

ကျူးလွန်သူ၏ အမည်မှာ မောင်ပေါက်စချေဖြစ်သည်။ မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ကာ ဆာလာအိတ်ဖြင့် ထုပ်ပိုးပြီး ရွာပြင်တောစပ်တွင် မိခင်ဖြစ်သူ ဒေါ်လှမြသန်းနှင့်အတူ အလောင်းဖျောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယင်းနောက် တရားခံဖြစ်သူနှင့် ကြံရာပါ မိခင်ကို မတ်လ ၁၆ ရက်က အာရက္ခတပ်တော်၏ ရဲတပ်ဖွဲ့ (DLEPS) က ဖမ်းဆီးခဲ့ပြီး ဧပြီ ၁၇ ရက်တွင် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးလိုက်သဖြင့် နစ်နာသူ မိသားစုဝင်များနှင့် ရွာသားများက တရားမျှတမှုရရန် တောင်းဆိုနေကြသည်။

“ကျနော်တို့က ကျူးလွန်သူတို့ကို အမှု ၄ ခုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးလွန်သူရဲ့ မိခင်ဖြစ်သူကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါက လုံးဝ တရားမျှတမှု မရှိဘူး။ ကျနော်တို့ တရားမျှတမှု လိုချင်တယ်” ဟု နစ်နာသူ မိသားစုဝင် အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

အဆိုပါ အမှုတွင် ပါဝင်ခဲ့သူတို့ကို နစ်နာသူ မိသားစုဝင်များက မုဒိမ်းကျင့်မှု၊ လူသတ်မှု၊ အလောင်းဖျောက်ရန် ကြိုးပမ်းခြင်းနှင့် ပစ္စည်းလုယက်ခြင်းအမှုတို့နှင့် အရေးယူပေးရန် တရားစွဲထားခြင်း ဖြစ်သည်။

ယင်းနောက် မိခင်ကို အာရက္ခတပ်တော်၏ တရားရေးဌာနက ပြန်လည်လွှတ်ပေးလိုက်သောကြောင့် နစ်နာသူ မိသားစုဝင်များနှင့် ကျေးရွာသားများက မကျေနပ်၍ ဧပြီ ၁၉ ရက်က တရားရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူ ဒေါ်လှမြသန်းမှာ လက်ရှိတွင် ကျေးရွာတွင် မနေရဲတော့ဘဲ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာသားများက ပြောသည်။

“ တရားရင်ဆိုင်ရာမှာလည်း တရားရုံးက မိသားစုဝင် တစ်ယောက်မှ မခေါ်ဘူး။ သူတို့ကိုယ်တိုင်ပဲ အမေး၊ အဖြေ လုပ်ကြတယ်။ ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာလား၊ တစ်သက်တစ်ကျွန်း ချထားတာလား ဆိုတာ ကျနော်တို့ မိသားစုဝင်တွေ ဘာမှ မသိရဘူး။ ဒါကြောင့် မျှမျှတတလေး လုပ်ပေးရင် ကောင်းမယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ရခိုင်ပြည်တွင် အသက် ၁၂ နှစ်အောက် အမျိုးသမီးများကို မုဒိမ်းမှုကျူးလွန်လျှင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ မည်သူမဆို ထောင်ဒဏ် တစ်သက်ဖြစ်စေ (သို့မဟုတ်) ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်မည်ဟု ULA/AA တရားရေးဌာနက ထုတ်ပြန်ထားသည်။

မောင်တော အောင်သုခကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်ကလည်း အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက် မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက် ၆၀ ကျော် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်၊ တေဇာရာမ (ဘက) ကျောင်းမှ အသက် ၅၀ ကျော်အရွယ် ကျောင်းဆရာတစ်ဦးသည် ကျောင်း၌ ပညာသင်ယူနေသည့် အသက် ၈ နှစ်အရွယ် ကျောင်းသူတစ်ဦး၏ မအင်္ဂါအား လက်ဖြင့်ထိုးသွင်းကာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၃ ရက်တွင်လည်း ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ ဖဒူကြီးကျေးရွာတွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၄၀ ဝန်းကျင် ဦးထွန်းအောင်ချေဆိုသူက အဓမ္မပြုကျင့်ခဲ့ပြီး လက်ရှိတွင် ၎င်းမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ထိုအမှုများအတွက် တရားမျှတမှုကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အာရက္ခတပ်တော်၏ တရားရေးဌာနကို ပြည်သူများက တောင်းဆိုနေကြသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ- RFA
June 8, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ...
June 8, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာ လေ့ကျင့်နေစဉ်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...