ရိုးတောင်ပေါ်က ဂုတ်ကြီးစခန်းအနီး တိုက်ပွဲပြင်းထန်နေ

ရိုးတောင်ပေါ်က ဂုတ်ကြီးစခန်းအနီး တိုက်ပွဲပြင်းထန်နေ

အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့ အာဏာသိမ်း စစ်တပ်က အင်အားအမြောက်အပြားဖြင့် ထိုးစစ်ဆင်လာမှုကြောင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် လေကြောင်း အင်အားအများအပြား အသုံးပြုကာ AA နှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသည့် ဂုတ်ကြီးစခန်းကို ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ အခုတလောကတော့ လေကြောင်းဗုံးကြဲတာ တော်တော်များတယ်။ ဂုတ်ကြီး အနီးတဝိုက်က အရင်ကလည်း ကြဲတယ်။ အခုက တိုက်ပွဲတွေရှိတော့ ပိုဆိုးတာပေါ့ ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နတ်ရေကန်ဗျူဟာ စခန်း၏ အရေးကြီး ကာကင်းစခန်း တစ်ခုဖြစ်သည့် ဂုတ်ကြီးစခန်းကို AA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ယင်းနောက် ဂုတ်ကြီးစခန်းကို အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ကြိုးစားခဲ့ရာ စစ်အုပ်စုက ဒီဇင်ဘာ ၂၀ ရက်တွင် ရရှိခဲ့သည်။ သို့သော်လည်း AA ၏ တန်ပြန်ထိုးစစ်ကြောင့် ဒီဇင်ဘာ ၂၁ ရက်တွင် ပြန်လည် ရရှိထားခြင်းဖြစ်သည်။

ယခုအခါ နှစ်နှင့်ချီကြာမြင့်နေသည့် နတ်ရေကန်အတွက် ဂုတ်ကြီးကို ဖြတ်ကာ စစ်ကူပို့ရန် စစ်အုပ်စုက အသည်းအသန် လေကြောင်းတိုက်ခိုက်မှုများဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။

“ စစ်ကောင်စီဘက်က အင်အားဖြည့်တာတွေ ဆက်တိုက်လုပ်နေတော့ ကြားဖြတ်တိုက်ပွဲတွေ မကြာမကြာ ဖြစ်တယ်။ တိုက်ပွဲကတော့ ဟိုဘက်ဒီဘက် လှုပ်ရှားတိုင်းဖြစ်နေတာ ဒီရက်ပိုင်းကတော့ ဂုတ်ကြီးနားမှာ ဖြစ်နေတာ ” ဟု နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ပဒါန်းအခြေစိုက် မစခ ၉၀၅ မှတဆင့် နတ်ရေကန်ဗျူဟာကို အဆုံးရှုံးမခံရစေရေး စကခ-၁၄၊ စကခ-၁၇ လက်အောက်ခံတပ်များဖြင့် စုပေါင်းအင်အားဖြည့်ကာ စစ်ကူတက်လာခြင်း ဖြစ်သည်။

အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် အမ်းမြို့ကို သိမ်းပိုက်လိုက်ပြီး‌နောက် မကွေးတိုင်းဘက်သို့ ထိုးစစ်ချီတက်နေခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မကွေးတိုင်း ဆောမြို့နှင့် ချင်းပြည်နယ် မင်းတပ်မြို့လမ်းပိုင်း ကံကြီးရွာတွင် စခန်းထိုင်ပြီး ရခိုင်ပြည်နှင့် ချင်းပြည်နယ်သို့ စစ်အုပ်စုက ထိုးစစ်ဆင်ရန် ပြင်ဆင်မှုများလုပ်နေကြောင်း သိရသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်က တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် PDFများကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားပြီး တစ်ဖက်မှာလည်း လေကြောင်း အင်အားအများအပြားသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပြုလုပ်လာနေသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...