ထိုင်းအစိုးရခွင့်ပြုချက်ဖြင့် ကရင်နီဒုက္ခသည်လူငယ် ၂၀၀ ဝန်းကျင် အလုပ်လုပ်ခွင့်ရ

ထိုင်းအစိုးရခွင့်ပြုချက်ဖြင့် ကရင်နီဒုက္ခသည်လူငယ် ၂၀၀ ဝန်းကျင် အလုပ်လုပ်ခွင့်ရ

ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့ ကရင်နီဒုက္ခသည်စခန်း (၁) က လူငယ်ဦးရေ ၂၀၀ ဝန်းကျင်ရှိတယ်လို့ စခန်း ( ၁ ) ဥက္ကဋ္ဌ ကိုစိုင်းလုံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

"လူဦးရေနဲ့ခြုံပြီးတော့ ပြောမယ်ဆိုရင် ၂၀၂၅ အောက်တိုဘာကနေ ၂၀၂၆ ဧပြီလထိပေါ့။ ဧပြီလထိပြောလို့ရတယ် ၂၀၀ ဝန်းကျင်ပေ့ါ။" လို့ ကိုစိုင်းလုံက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်က မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကို ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာ ကြေညာပြီးနောက် စက်မှုလုပ်ငန်းအပါအဝင် အလုပ်အကိုင် အမျိုးအစား ရှစ်မျိုးကို လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြောဆိုထားတာပါ။

လက်ရှိမှာတော့ လုပ်ငန်းခွင်အသီးသီးမှာ ကရင်နီဒုက္ခသည် လူငယ်တွေ အလုပ်လုပ်ကိုင်နေကြပြီး လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ပေါ်မူတည်ကာ ဒုက္ခသည် လူငယ်တွေကို ခေါ်ယူနေတာဖြစ်ပါတယ်။

အလုပ်သမားရှာဖွေရေးရုံးနဲ့လုပ်ငန်းရှင်တွေ ပူးပေါင်းကာ အလုပ်လုပ်ကိုင်လိုတဲ့ စခန်းအတွင်းက လူထုကို ကြိုတင်စာရင်းသွင်းစေပြီး အင်တာဗျူးနဲ့ စိစစ်မှုတွေ ပြုလုပ်ကာ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းအတွင်း အလုပ်လုပ်ကိုင်ခွင့် မရှိတာကြောင့် စခန်းပြင်ပမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိခြင်းက အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ကရင်နီလူငယ်တဦးက ပြောပါတယ်။

" စခန်းထဲမှာက အလုပ်မရှိတော့ သူတို့ ဒီလိုမျိုးတရားဝင်ခွင့်ပြုထားတယ်ဆိုတော့ ကျနော်တို့ အခွင့်အရေးတွေ ရမလားပေါ့။ အလုပ်တွေဘာတွေကြိုရှာတာ‌ပေါ့။ ကျနော်တို့တရားဝင်ခွင့်ပြုထားတယ်ဆိုတော့ အဲ့ဒီအခွင့်အရေးကိုလည်း မဆုံးရှုံးစေချင်ဘူးဆိုတဲ့ သဘောပေါ့နော။ "လို့ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းက အမျိုးသားတစ်ဦးက ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်းက မယ်ဟောင်ဆောင်ခရိုင်၊ ဘန်ကောက်မြို့၊ ချင်းရိုင်မြို့က ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အဓိက သွားရောက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့သူတွေက လုပ်ငန်းရှင်နဲ့ ၁နှစ်စာချုပ် ချုပ်ဆိုရတယ်လို့ စခန်း ( ၁ ) ဥက္ကဋ္ဌ ကိုစိုင်းလုံက ပြောပါတယ်။

" သူတို့ ၁နှစ်စာချုပ်လုပ်ပြီး ၁နှစ်မပြည့်ဘဲ အခြေနေအမျိုးမျိုးကြောင့် သူတို့ပြန်လာလို့ရှိရင် ပြန်လာတဲ့စရိတ်က ကားစရိတ်တို့ဘာတို့က ကိုယ့်ဟာကိုယ်ပဲကုန်ကျရတယ်။ ဒါပေမယ့် သူတို့သူဌေးကတော့ လွှတ်ပေးတယ် အကြောင်းပြချက် ခိုင်လုံရင်ပေါ့။ ကျန်းမာရေးစစ်ဆေးချက်၊ အစစအရာရာ ကုန်ကျစရိတ်ကို သူဌေးက ကုန်ကျပေးတယ်။ ပြီးရင် တစ်လကို နည်းနည်းစီ ပြန်နှုတ်ယူတယ်။ ဒါပေမယ့် မီးခ၊ ရေခ၊ တည်းခိုခကတော့ အခမဲ့ဘဲပေါ့။ ဒါပေမဲ့ ဆေးစစ်ဆေးချက်တို့ ၊ ကားခတို့ကတော့ ကိုယ့်ဟာကိုယ်ကုန်တယ်။ " လို့ ကိုစိုင်းလုံက ဆိုပါတယ်။

မြန်မာဒုက္ခသည်စခန်းတွေမှာ နိုင်ငံတကာပေးတဲ့ အကူအညီတွေ ဖြတ်တောက်ခံရတဲ့အခြေအနေမှာ ထိုင်းအစိုးရကနေ ခွင့်ပြုပေးတဲ့ အလုပ်လုပ်ကိုင်ခွင့်ကို အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အရွယ်ရှိတဲ့ လူထုတွေအနေနဲ့ ရယူတတ်ဖို့လိုကြောင်းကိုလည်း ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းက ဥက္ကဋ္ဌ ကိုစိုင်းလုံက တိုက်တွန်းထားပါတယ်။

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...