ဝံသ(မောင်တော) - မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူနေသော တရုတ်နိုင်ငံမှ ပြန်လာသည့် ဖျားနာသူတစ်ဦးကို ပြင်ပလူနာအနေဖြင့် စောင့်ကြည့်နေသည်ဟု မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
၎င်းသည် မောင်တောမြို့နယ်၊ ကံသာယာ အထက်ကျေးရွာမှဖြစ်ပြီး တရုတ်နိုင်ငံမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က မောင်တောသို့ရောက်ရှိသည်။ ယင်းနောက် ဖျားနာနေသောကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆေးရုံသို့ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
“ရောဂါလက္ခဏာ ဘာမှမတွေ့ရပါဘူး။ သာမန်ရာသီပေါ် တုတ်ကွေးဖျားတဲ့သူဖြစ်တယ်။ ဒါပေမဲ့ သူက တရုတ်ကပြန်လာသူတစ်ယောက်ဖြစ်နေတယ်။ ဖျားလည်းဖျားနေတယ်ဆိုတော့ ပြင်ပလူနာအနေနဲ့ စောင့်ကြည့်နေပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း ကပြောသည်။
၎င်းသည် မိတ်ဆွေတစ်ဦးနှင့်အတူ မူဆယ်လမ်းကြောင်းအတိုင်း ဝင်ရောက်လာခြင်းဖြစ်ပြီး မိမိကျေးရွာသို့ ရောက်ရှိမှသာလျှင် ဖျားနာခြင်းဟု ဒေသခံများထံက သိရသည်။







