မသန်စွမ်းသူများကို မြစ်ကြီးနားဆေးရုံကြီးတွင် တစ်ပတ်တာ အခမဲ့ ကုသပေးမည်

မသန်စွမ်းသူများကို မြစ်ကြီးနားဆေးရုံကြီးတွင် တစ်ပတ်တာ အခမဲ့ ကုသပေးမည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုယ် လက် အင်္ဂါ မသန်စွမ်း လူနာများကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးရုံတာဝန်ခံများထံမှ သိရသည်။

အခမဲ့ ကုသမည့်အစီစဉ်ကို လာမည့် ဖေဖော်ဝါရီ ၃ရက်မှ ၉ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကုသခံယူလိုသူများအနေဖြင့် အရိုးကုသဆောင်တွင် ကြိုတင်စာရင်းပေးသွင်းရမည်ဟု သိရသည်။

“မီးလောင်အပူလောင်ပြီးမှ ခြေလက် ကောက်ကွေးသွားတာမျိုး၊ ရိုးရိုး ပုံမှန်ဆေးတွေကုနေလည်း မသက်သာဘဲ ခြေလက်ကောက်ကွေးသွားတာမျိုး၊ နောက်တစ်ခုက မွေးရာပါ ခြေလက်ကောက်ကွေးသွားတာမျိုးကို ပြန်ကောင်းသွားအောင် ဘယ်သူကို မဆိုအခမဲ့ ခွဲစိတ်ကုပေးပါတယ်” ဟု အရိုးအထူးကုဆရာဝန် ဒေါက်တာကေနော်အောင် ဆိုသည်။

ခြေလက်မသန်စွမ်းသူများကို ခွဲစိတ်ကုသရာတွင် ဦးဆောင်မည့်သူများမှာ နယ်သာလန်နိုင်ငံမှ Dr.Willenနှင့် J.Theuvenet တို့ ၂ ဦးဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ခြေလက်မသန်စွမ်းသူများအား လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် မြစ်ကြီးနားနှင့် ပူတာအိုမြို့တို့တွင် ပထမအကြိမ်အဖြစ် ကုသပေးခဲ့ပြီး ယခုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဆေးရုံတာဝန်ခံများမှ သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...