ရှမ်းမြောက် KIA စစ်သင်တန်းစခန်း ကို မြန်မာအစိုးရတပ် တိုက်ခိုက်

ရှမ်းမြောက် KIA စစ်သင်တန်းစခန်း ကို မြန်မာအစိုးရတပ် တိုက်ခိုက်
အခြေခံ KIA စစ်သင်တန်း၊ ကချင်ပြည်နယ်
အခြေခံ KIA စစ်သင်တန်း၊ ကချင်ပြည်နယ်

မြန်မာအစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်သင်တန်းစခန်း တစ်ခုကို ဇန်နဝါရီလ (၈)၊ ဗုဒ္ဓဟူးနေ့ စစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်မြောက်ပိုင်း KIA အဖွဲ့က ဆိုပါသည်။

 

ယင်းစခန်းသည် သန္နီ (သိန်းနီ)ဘက်မှ Kunlong သို့တက်လာသောလမ်း Gang Mung နှင့် Loidau ကြားမှာရှိပြီး KIA တပ်မဟာ (၁၀)လက်အောက်၊ တပ်ရင်း (၁၇)မှ အခြေခံ စစ်သင်တန်းပေးနေသည့် ယာယီစခန်းတစ်ခုလည်း ဖြစ်သည်။

 

ပစ်ခတ်ချိန်သည် သင်တန်းကွင်းမှာ သင်တန်းသားများ ရှိမနေချိန်ဖြစ်သောကြောင့် ထိခိုက်မှု သတင်း မကြားရကြောင်း ရှမ်းမြောက် KIA အရာရှိ တစ်ဦး ယခုလိုပြောသည်။

“သင်တန်းစခန်းအထဲမှာ လက်နက်ကြီး ကျည်ဆံ (၄)ခုလောက် ကျတယ်။  ဒါပေမယ့်လဲ အဲဒီ့ မြန်မာစစ်တပ်တွေ ပစ်ခတ်ချိန်မှာ တပ်ရင်း (၁၇)တိုက်နယ် လူတွေအားလုံး ရပ်နားချိန်ဖြစ်လို့ ထိခိုက်မှု မရှိ” ဟုဆိုပါသည်။

တပ်မတော်စစ်ကြောင်းများက တအာင်း TNLA နှင့် ကိုးကန့် MNDAA တပ်များကိုသာ လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ပြီး မိမိတို့ KIA တပ်ကို လာမတိုက်ဘူး ဆိုကာ လုံခြုံရေး ယူမထားစဉ် ယခုလို တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“အဲဒီမှာ မြန်မာစစ်တပ်က သူတို့ကို ပစ်ခတ်မှာမဟုတ်ဘူးဆိုပြီး သူတို့ လူခြုံရေး မစောင့်ဘဲ ရှိနေချိန်မှာ အနီးကိုကပ်လာပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အတော်လေး ပစ်ခတ်ခဲ့တာပါ” ဟု အထက် KIA အရာရှိက ဆက်ဆိုသည်။

 

၎င်းနေ့ မွန်းလွဲပိုင်းမှာလည်း မူဆယ်လမ်း ကွတ်ခိုင် နှင့် နမ်ဖတ်ကာ ကြား မန်ရွတ် (Man Yawt) ရှိ TNLA တပ်များကိုတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကွတ်ခိုင်စစ်ဗျူဟာအပါဝင် ဘေးပတ်ဝန်းကျင်စခန်းများမှလည်းလက်နက်ကြီးများပစ်ကူပေးခဲ့ကြောင်းဒေသခံများမှသိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...