မူးယစ်ကင်းစင်ရေးကျောင်းမှ အမျိုးသမီးများအတွက် အလုပ်ရုံဖွင့်လှစ်ပေး

မူးယစ်ကင်းစင်ရေးကျောင်းမှ အမျိုးသမီးများအတွက် အလုပ်ရုံဖွင့်လှစ်ပေး
ဖားကန့် မော်စီစာတွင် ဖွင့်လှစ်ထားသည့် အမျိုးသမီးအလုပ်ရုံ
ဖားကန့် မော်စီစာတွင် ဖွင့်လှစ်ထားသည့် အမျိုးသမီးအလုပ်ရုံ

ဖားကန့်ရှိ မူးယစ်ကင်းစင်ရေးသင်တန်းကျောင်းမှ အမျိုးသမီးများကို ကျောက်ဖြတ်လုပ်ငန်းဖြင့် ဘဝသစ်တစ်ခု ပြန်လည်ထူထောင်နိုင်ရန် အလုပ်ရုံတစ်ခု ဖွင့်လှစ်ပေးထားကြောင်း သိရပါသည်။

 

ကချင်အမျိုးသားဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Amyusha Zinlum Hpung) မှ ဦးစီးပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ မော်စီစာ ရပ်ကွက်တွင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

 

မူးယစ်ဆေးသုံးစွဲသည့် အမျိုးသမီးများ တစ်နိုင်တစ်ပိုင် လုပ်ငန်းဖြင့် မိမိဘဝ ပြန်လည်ထိန်းကျောင်းလာနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပြောပါသည်။

“မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ်၊ အမျိုးသားတွေဘဲဖြစ်ဖြစ် မူးယစ်ဆေးဝါးကင်းစင်ရေးတွေ လုပ်နေလဲ နောက်ပိုင်း အလုပ်အကိုမရှိတဲ့အတွက် မပြတ်နိုင်ဘဲ ပြန်လည်သုံးစွဲနေတာကို မြင်တွေ့ရတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့အဖွဲ့အစည်းတွေ အနေနဲ့က အမျိုးသမီးတွေကို တစ်နိုင်တစ်ပိုင် အလုပ်ရရှိလာအောင် ပြုလုပ်သွားဖို့ရှိတယ်။ အိမ်ထောင်စုတစ်ခုမှာ အမျိုးသမီးတွေဟာ အင်မတန်မှ အရေးပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ အမျိုးသမီးတွေကို ဦးစားပေးလုပ်ဆောင်ပေးရတာဖြစ်တယ်”ဟု ကချင်အမျိုးသား ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦး Latung Sau Bawm က ပြောဆိုသည်။

 

အစီစဉ်တွင် ကျောက်ဖြတ်လုပ်ငန်းနှင့် ၊ ကျောက်စိမ်းမှ ချောထည် လက်ဝတ်ရတနာများ ရရှိအောင်ပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Ja San) မှ အမျိုးသမီး ၆ ဦးကို ပထမဆုံးအကြိမ်အဖြစ် စတင် သင်တန်းပေးနေသည်ဟု ပြောပါသည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...