၂၀၁၉-၂၀၂၀ ကချင်ပြည်နယ်အစိုးရဘတ်ဂျက်တွင် ‘လမ်း’ အတွက် အများဆုံးသုံးစွဲထား

၂၀၁၉-၂၀၂၀ ကချင်ပြည်နယ်အစိုးရဘတ်ဂျက်တွင် ‘လမ်း’ အတွက် အများဆုံးသုံးစွဲထား
အသစ်ဆောက်လုပ်ပြီးစီး‌သော မြစ်ကြီးနား ဂျပန်လမ်း
အသစ်ဆောက်လုပ်ပြီးစီး‌သော မြစ်ကြီးနား ဂျပန်လမ်း

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ဘတ်ဂျက်သုံးစွဲရာတွင် ‘လမ်း’ အတွက် သုံးထားသောဘတ်ဂျက်မှာ ကျပ် ၉၅ ဘီလီယံအဖြစ် အမြင့်ဆုံးဖြစ်သည်ဟု အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာစာစောင်မှ တွေ့ရပါသည်။

ပြည်နယ်အစိုးရလိုအပ်ချက်အတွက် ပြည်ထောင်စုမှ ချပေးသည့် ကျပ်သန်းပေါင်း ၁၈၃၄၄၂.၉၀၇ အနက် ‘လမ်း’ အတွက် သုံးစွဲငွေမှာ ကျပ်သန်း ၉၅၃၉၆.၇၈၉ အဖြစ် ဘတ်ဂျက်၏ ၅၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အခြားသုံးစွဲငွေများမှာ လျှပ်စစ်ဓာတ်အား ကျပ်သန်း ၁၈၅၆၃.၈၃၂ ၊ တံတား ကျပ်သန်း ၁၀၄၅၀.၄၃၇ ၊ ဆည်မြောင်း ကျပ်သန်း ၇၉၈၅.၉၄၀ ၊ ကမ်းပါးပြိုကာကွယ်ရေးအတွက် ကျပ်သန်း ၆၄၈၁.၃၃၀၊ လယ်ယာမြေဖော်ထုတ်ရေး ကျပ်သန်း ၃၀၄၆.၀၀၀ ၊ ရေရှိရေး ကျပ်သန်း ၂၄၉၉.၉၅၅ ၊ အခြားဆောက်လုပ်ရေးလုပ်ငန်းတွင် ကျပ်သန်း ၁၇၅၈၇.၅၀၀ နှင့် ရုံးသုံးစက်ကိရိယာ ပရိဘောဂနှင့် အခြားငွေလုံးစားရင်း ကျပ်သန်း ၄၂၅၈.၆၉၂ သုံးစွဲထားကြောင်း တွေ့ရပါသည်။

ပြည်ထောင်စုအစိုးရမှ ချပေးသည့်ငွေကြေးအပြင် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍရေးနှစ်အတွင်း အခွန်ကောက်မှ ရငွေ ကျပ်သန်းပေါင်း ၂၅၄၁.၇၂၉ နှင့် အခွန်မဟုတ်သည့် သာမန်ရငွေ ကျပ်သန်း ၁၁၂၃၉.၃၂၆ တို့လည်း ကချင်ပြည်နယ်အစိုးရ ရရှိထားသည်ဟု သိရပါသည်။

မြို့နယ်အလိုက် ဆောက်လုပ်ရေး၊ ရေရရှိရေးနှင့် လျှပ်စစ်ဓါတ်အားကဏ္ဍာအတွက်ပြည်နယ်အစိုးရ၏ သုံးစွဲငွေမှာ မြစ်ကြီးနားတွင် ငွေကျပ် သိန်း ၄၁၂၂၅.၀၀ ဖြင့် အများဆုံး သုံးစွဲထားပြီး ပူတာအိုတွင် ၃၃၀၂၀.၈ ဒုတိယအများဆုံးသုံးထားသည်ကို တွေ့ရပါသည်။ ထို့အပြင် မိုးညှင်းတွင် ကျပ်သိန်း ၁၇၂၀၇.၂၁၈၊ ဗန်းမော်တွင် ကျပ်သိန်း ၁၅၄၁၁.၂၄၈၊ မိုးကောင်း ကျပ်သိန်း ၉၅၃၂.၅၂၈၊ ရွှေကူ ကျပ်သိန်း ၇၆၈၄.၈၈၀၊ မန်စီ ကျပ်သိန်း ၇၂၆၀.၄၄၆၊ ဝိုင်းမော် ကျပ်သိန်း ၄၄၆၅.၀၉၀၊ မိုးမောက် ကျပ်သိန်း ၄၁၆၇.၈၁၃၊ တနိင်း ကျပ်သိန်း ၃၉၈၃.၂၃၈၊ ဖားကန့် ကျပ်သိန်း ၃၆၈၈.၀၀၂၊ ချီဖွေ ကျပ်သိန်း ၂၁၆၈.၈၉၀၊ နောင်မွန်း ကျပ်သိန်း ၂၀၆၃.၅၄၈၊ ဆော့လော် ကျပ်သိန်း ၂၀၅၂. ၁၉၀၊ အင်ဂျန်းယန် ကျပ်သိန်း ၉၃၉.၂၅၀၊ ဆွမ်ပရာဘွမ် ကျပ်သိန်း ၅၁၅.၄၅၅ ဘတ်ဂျတ်သုံးစွဲထားကြောင်း ရသုံးမှန်းခြေငွေစာရင်းစာအုပ်မှ သိရသည်။

ပြည်နယ်အစိုးရ၏ ပြည်သူ့ဘဏ္ဍငွေများအား မည်သည့်ကဏ္ဍများတွင် ရရှိသုံးစွဲနေမူများ လူထုသိစေရန်အတွက် ရသုံးမှန်းခြေ ငွေစာရင်းများနှင့်ပတ်သက်သောစားရင်းစာအုပ်ကို အရပ်ဘက်အဖွဲ့စည်းများသို့ ဒီဇင်ဘာ ၁၆ ရက်နေ့ ပြည်နယ်အစိုးရရုံး ဆမားဒူဝါဆင်ဝါးနော် ခန်းမတွင် ရှင်းလင်းကာ ထုတ်ဝေခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်တွင် လမ်းအတွက်အမြင့်ဆုံး သုံးစွဲထားခြင်းသည် ပြည်ထောင်စုမှ ချမှတ်ထားသည့် ရန်ကုန်-ပူတာအိုသွားရာ မဟာဗျူဟာလမ်းစီမံကိန်းများအား လုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌက ဦးဒိန်ခန်ဖုန် ပြောဆိုခဲ့ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...