ကချင်ပြည်နယ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် အရောင်းစင်တာများကို အရေးယူတော့မည်ဟုဆို

ကချင်ပြည်နယ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် အရောင်းစင်တာများကို အရေးယူတော့မည်ဟုဆို

ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်ရောင်းချသည့် ဆိုင်ကယ် အရောင်းစင်တာများကို လာမယ့် ဇန်နဝါရီလမှ စကာ ဖမ်းဆီးအရေးယူမူများ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သိရပါသည်။

လက်ရှိတွင် ဆိုင်ကယ်အရောင်းစင်တာများအား ပညာပေးအနေဖြင့် စစ်ဆေးမူများပြုလုပ်နေပြီး ပထမအကြိမ်လိုင်စင်မဲ့တွေ့ရှိပါက လိုင်စင်ပြုလုပ်ရန်တိုက်တွန်းမည်ဖြစ်ပြီး၊ ဒုတိယကြိမ် ထပ်မံတွေ့ရှိလျှင် ငွေဒဏ် ကျပ်ငွေ ၁၀သိန်း၊ တတိယအကြိမ်ထပ်မံတွေ့ရှိပါက ထောင်ဒဏ် ၃လအပြင် ငွေဒဏ် ကျပ်သိန်း၃၀ ပေးဆောင်ရန် ညွှန်ကြားထားကြောင်း သိရပါသည်။

“ခုလောလောဆယ်တော့ ဆိုင်ကယ်လိုင်စင်တွေ လုပ်ပေးနေဆဲဖြစ်တဲ့အတွက် သူတို့ကိုလည်း ပညာပေးအနေနဲ့ လိုက်စစ်ဆေးနေတယ်။ without ဆိုင်ကယ်တွေ မရှိရေး။ လိုင်စင်မဲ့ဆိုင်ကယ် မထားဖို့ပေါ့။” ဟု အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ခွဲမှူးရုံး ရဲမှူးရဲလွင်ထံမှ သိရသည်။

ယခုနှစ် ဒီဇင်ဘာလကုန်ထိ ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးနေသည်ဖြစ်ပြီး နှစ်ဆန်းပိုင်းမှစတင်ကာ စတင်စစ်ဆေးအရေးယူများ ပြုလုပ်တော့မည်ဖြစ်သည်ဟု ပြောပါသည်။

“လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေဖမ်းမယ်လို့ပြောတော့ အစ်ကိုတို့ကတော့ ရှုပ်လို့ အားလုံးလုပ်ထားပြီ။ without ဆိုင်ကယ် လုံးဝမရောင်းဘူး။” ဆိုပြီး ဆိုင်ကယ်အရောင်းစင်တာတစ်ခုမှ ကိုသန့်ဇင်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ဆိုင်ကယ်လိုင်စင်များပြုလုပ်ပေးနေသည်မှာ ၄လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ဆိုင်ကယ်အစီးရေ ခုနှစ်ရာဝန်းကျင်သာ ရှိသေးကြောင်း သက်ဆိုင်ရာဌာမှ သိရသည်။

လိုင်စင်ပြုလုပ်ရာတွင် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၁သိန်းမှ ၁သိန်းခွဲအထိရှိသည်။

တရုတ်အိမ်နီးချင်း နယ်စပ်မြို့ဖြစ်သည့် ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များကိုသာ အများဆုံး စီးကြသည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...