ချီဖွေ မုတ်သုံတောအတွင်း ရွှေတူးနေမှု လချိဒ်ယဉ်ကျေးမှုအဖွဲ့ကန့်ကွက်

ချီဖွေ မုတ်သုံတောအတွင်း ရွှေတူးနေမှု လချိဒ်ယဉ်ကျေးမှုအဖွဲ့ကန့်ကွက်

ကချင်ပြည်နယ်  ချီဖွေမြို့ ဇန်နောင်ကျေးရွာအထက်ရှိ မုတ်သုံတောအတွင်း ကုမ္ပဏီများ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကို ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆိုလိုက်သည်။

ယင်းမြေနေရာအတွင်း ရွှေတူးဖော်ရန် ကချင်မျိုးနွယ်စု ယဉ်ကျေးမှုအဖွဲ့ ၃ ဖွဲ့၏ အမည်ခံဖြင့် တူးဖော်လုပ်ကိုင်နေခြင်းပြီး ၁ ဖွဲ့လျှင် သိန်း ၁၀၀ ကျပ် ရံပုံငွေပေးမည်ဟု ဆိုကာ တူးဖော်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ပြောသည်။

‘’ဆိုးကျိုးတွေက အရင်ကဆို အဲဒီနေရာမှာ နွားစားကျက်လုပ်တယ်။အခုက ကျောက်တွေ သဲတွေပဲ ရှိတော့တယ်။ သစ်ပင်တွေ တစ်ပင်မှ မပေါက်တော့ဘူး။ မြေတွေက အားလုံးပျက်စီးကုန်ပြီ’’ ဟု လချိဒ်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဦးလချိဒ်လွမ်းဇောင်းက ပြောဆိုထားသည်။

လက်ရှိ ရွှေတူးဖော်နေသည့် မြေနေရာ၌ သဘာဝပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်နှစ်နာဆုံးရှုံးစေခြင်းကြောင့် ချီဖွေမြို့နယ် လာချိတ်စာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရွှေတူးဖော်ခြင်းရပ်တန့်ရန် သဘောထားထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်မှ ရွှေတူးဖော်မှုစတင်ခဲ့ပြီး ကြားကာလ (၂ )နှစ် သာ ရပ်ဆိုင်းထားပြီးနောက် ယခုနှစ်တွင် ထပ်မံ၍ ပြန်လည်ရွှေတူးဖော်နေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ချီဖွေမြို့နယ် ရိုးရာယဉ်ကျေးမှုစာပေအဖွဲ့အစည်းများဖြစ်သော လီဆူ ၊ လော်ဝေါ် နှင့် လချိဒ်အဖွဲ့အစည်းများ၏ ရန်ပုံငွေအဖြင့် ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ရွှေကျင်းပိုင်ရှင်များထံမှ သိရကြောင်း ၎င်းကဆိုသည်။

ချီဖွေမြို့နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းအနေဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့၌ ရွှေတူးဖော်ခြင်းရပ်တန့်ရန် သဘောထားထုတ်ပြန်ခဲ့ပြီးနောက် တုန့်ပြန်မှုမရှိခဲ့လျှင် တခြားသောနည်းလမ်းများဖြင့် ဆက်လုပ်ဆောင်သွားဖို့ရန် ရှိကြောင်း ဦးလွမ်းဇောင်း ဆက်လက်ပြောဆိုသည်။

လက်ရှိတူးဖော်နေသည့် မုတ်သုံတောမြေနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်း ပါဝင်နေသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...